ပျော်ရွှင်မှုဆိုတာ
မျက်လုံးတွေထဲ မင်းပြောတဲ့ စကားသံများရယ်
နှုတ်ခမ်းပေါ်က နေပြောပါ
ဘာကြောင့်တွေ့တိုင်း ရှောင်တိမ်းလို့ သွားမလဲကွယ်
မျက်ရည်ဝဲရုံလေးနဲ့တော့ မပြောနဲ့ အချစ်ရယ်
ထာဝရအတွက် နှုတ်ဆက်တဲ့ စကားသံများရယ်
ကိုယ်မယုံဘူး အချစ်လေး တကယ်ယုံလို့မရ
ဘယ်သောအခါများ ရင်ထဲက အဖြစ်အပျက်တွေ
အခါခါ ရမ်းနေတဲ့ သူ့ခေါင်းထဲ ရှိပါ့မလဲကွယ်
မျှော်လင့်ခြင်းတွေဟာ ကိုယ့်ရဲ့နေ့တွေကို တည်ဆောက်တယ်
မင်းလေးပြုံးရင် ဒီဘ၀ အမြဲလှပနေမယ်
ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ ညတွေမှာ အိပ်မက်ဆဲ
မင်းလေးမရှိရင် ဒီအိပ်မက်တို့ ပျောက်ကွယ်မယ်
လိုအပ်ချက်များ မင်းအတွက်ရှိလိမ့်မယ်
အခက်အခဲတွေကြား တစ်ချိန်မှာ ပြည့်စုံလာမယ်
ပျော်မြူးနေတဲ့ မင်းအပြုံးလေး မဲ့သွားအောင်
ခံစားမှုများ ကိုယ်ဘာမှ မပြခဲ့
မပြေလည်တဲ့ အရာတွေ တို့နှစ်ယောက်အတူတူ ဖြေရှင်းမယ်
အားတင်းထားပါ လူတိုင်းဘ၀ရဲ့ အဓိပ္ပါယ်ပဲ
မသေချာတဲ့နေရာ မင်းထွက်သွားမှာ ကိုယ်စိုးတယ်
ကိုယ့်အချစ်ထက် ပိုလို့ဘာမှ စိတ်မချဘူး

Lyrics Credit to May11
No comments:
Post a Comment