Friday, February 06, 2009

Illusion - VNV Nation





I know it's hard to tell how mixed up you feel
Hoping what you need is behind every door
Each time you get hurt, I don't want you to change
Because everyone has hopes, you're human after all
The feeling sometimes, wishing you were someone else
Feeling as though you never belong
This feeling is not sadness, this feeling is not joy
I truly understand, Please, don't cry now

Please don't go, I want you to stay
I'm begging you please, please don't leave here
I don't want you to hate for all the hurt that you feel
The world is just illusion trying to change you
Please don't go, I want you to stay
I'm begging you please, please don't leave here
I don't want you to hate for all the hurt that you feel
The world is just illusion trying to change you

Being like you are
Well this is something else, who would comprehend?
But some that do, lay claim that
Divine purpose blesses them
That's not what I believe, it doesn't matter anyway
A part of your soul ties you to the next world
Or maybe to the last, I'm still not sure
What I do know is, to use the world is different

Thursday, February 05, 2009

ခြင်္သေ့လည်ပြန်

ဒီရက်အတွင်းကိုယ်ကိုကိုယ်အိုလာသလိုခံစားရတယ်။တက်ကြွနေရမယ့်အရွယ်မှာ၊အချိန်ရဲ့အကုန်လွန်မြန်
မှု့တွေကိုပိုသတိထားနေမိပြီး၊နောင်အနှစ်20 ၊ 30 လောက်ကိုဘယ်လိုဖြတ်သန်း
ရင်ကောင်းမလဲတွေးနေမိတယ်၊လူ့သက်တန်းဟာ နှစ်60 ဆိုရင်အခုငါနေခဲ့တာ
သက်တန်းတဝက်ကျိုးပြီ။ပြီးခဲ့တဲ့နှစ်30ကိုပြန်ငေးကြည့်တော့အဝေးကြီး
မဟုတ်သလိုခံစားရတယ်။ပြီးခဲ့တဲ့နှစ် 30ဟာအဝေးကြီးမဟုတ်သလိုနောက်ထပ်နှစ်30
်ကိုဖြတ်ဖို့ဆိုတာလဲဘာမှသိပ်ကြာလိုက်မှာမဟုတ်ဘူး၊တနေ့တနေ့အလုပ်လုပ်လိုက်၊
စာဖတ်လိုက်နဲ့အချိန်တွေဟာမသိလိုက်မသိဖာသာနဲ့ကုန်သွားလို့
တချိန်ကိုယ်ကိုကိုယ်ပြန်သတိထားမိတဲ့အခါကျရင်ကိုယ်ကအိုနေလောက်ပြီ၊၊
တကယ်တန်းအလုပ်လုပ်နိုင်ဖို့နှစ်သုံးဆယ်လောက်ပဲအချိန်ရှိတော့တာ၊၊
လုပ်ချင်တာတွေကအများကြီး၊လုပ်ဖို့ရောအချိန်တကယ်ရှိပါမလား၊
ဘာတွေလုပ်ပြီးဘာတွေချန်ခဲ့မလဲ၊တချိန်အသက်ကြီးလာရင်ဘဝကို
ဘယ်လိုဖြတ်သန်းရင်ကောင်းမလဲ၊တချိန်အချိန်လွန်သွားမှအိပ်မက်က
နိုးထလာသလို..ဟာ..ငါဘာမှမပြီးသေးပါလား၊
ငါဘာမှမလုပ်ရသေးပါလားနဲ့သေဖိုတောင်ကတိုက်ကရိုက်နဲ့သေလိုက်ရတာမျိုးမဖြစ်ချင်ဘူး၊
လူဘဝဟာအချိန်အကန့်အသတ်နဲ့ဆော့ရတဲ့ ဂိမ်းလိုဘဲ၊မေ့မေ့လျော့လျော့
နဲ့ပျော်သလိုနေလိုက်လို့တော့မရဘူးထင်တယ်။
အခုထက်ထိတော့ ကိုယ်လုပ်ချင်တဲ့အတိုင်းတော်တော်များများလုပ်ခဲ့ပြီးပြီ။
အခုအသက်အရွယ်အပိုင်းအခြားဟာနည်းနည်းအရေးကြီးတယ်။
ဘဝမှာအပြောင်းအလဲအချိုးအကွေ့လေးတွေရှိတယ်။
ဒီအသက်အရွယ်မှာအိမ်ထောက်ပြုကြ၊နောက်ပြီး အသက်မွေးဝမ်းကြောင်း
အလုပ်တစ်ခုကိုအပြီးသတ်ရွေးချယ်ပြီး၊ အဲ့ဒီိလိုင်းမှာအခြေကြမှု့ရှိနေသင့်ပြီ။
တောက်လျှောက်ကိုယ့်ဘဝ ကိုကိုယ်စီမံခန့်ခွဲလာတာ၊ ရှေ့လျှောက်လဲ
ကိုယ်လုပ်ချင်တဲ့အတိုင်းပဲကိုယ့်ဘဝ ကိုကိုယ်ဆက်လက်ပြီးစီမံခန့်ခွဲချင်တယ်။
အပြောင်းအလဲတွေကိုညင်ညင်သာသာဖြစ်အောင်ကိုင်တွယ်ဖို့လိုတယ်၊
မဟုတ်ရင် (သို့) ဆုံးဖြတ်ချက်တွေမှားရင်နောင် 10 နှစ် 20 နှစ်ဆယ်
လောက်အထိစိတ်ရှုတ်စရာတွေအများကြီးဖြစ်လာနိုင်တယ်။
ဒီ 2 နှစ် 3 နှစ်ဟာငါအတွက်တော့တော်တော်အရေးကြီးတယ်။
ဘာမှန်းမသိပေမယ့် အပြောင်းအလဲတွေကြားမှာအခွင့်အလမ်းရော၊
အန္တာရာယ်ရောရဲ့အငွေ့အသက်တွေရနေမိတယ်။
Quarterlife crisis ဆိုတာဒါကိုခေါ်တာနဲ့တူတယ်။

Wednesday, February 04, 2009

လောကကြီးမှာပေါ့ဗျာ

အိုဘယ့် မိန်းမ
ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊ နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊ ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊ မိန်းမပီပီနေတော့ အသုံးအဖြုန်းက ကြီး၊ ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။

အိုဘယ့် ယောက်ျား
အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး၊ ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊ အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်း အောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီ ကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊ အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစား လို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။

ကွာခြားချက်
ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။ ဆင်းရဲသားတွေ အိမ်မှာ ဟင်းသီး ဟင်းရွက် စားတယ်၊ လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။ ဆင်းရဲသားတွေ လမ်းပေါ်မှာ စက်ဘီး စီးတယ်၊ လူကုထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။ ဆင်းရဲတုန်း မင်္ဂလာဆောင် ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။ ဆင်းရဲတုန်း မယားက secretary တာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။ ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။

ဒီခေတ်ကြီးမှာ... ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊ ပါတီခေါင်းဆောင်တွေ ကျတော့ အလကားရတာမှန်သမျှစားတယ်။ ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။ ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။

Source: နားခိုရာ