တန်ရာတန်ရာ
လင်တော်မောင် ဒူးလေးနဲ့  အမဲရှာရင်..
အိမ်ရှင်မ မီးမွှေးရင်း ကြက်သွန်နွှာ..
ဒါမှလည်းဝမ်းဝလို့ ချမ်းသာမှာ
လင်တော်မောင် ငါးမျှားချိတ်နဲ့  ငါးရှာရင်..
အိမ်ရှင်မ ပလိုင်းထမ်းရင်း နောက်တော်ပါ
နေပူမှာ ထီးမဆောင်းပဲ ခေါင်းမာ မလား
ဒါတွေဟာ လိုအပ်တဲ့ အရည်အချင်း တစ်စိတ်တစ်ပိုင်းပဲ
စာတော့ ဘာတစ်တန်းမှ မအောင်လည်း
ရတယ်.. တကယ်ပါ ရတယ်..
ဒီဂရီတွေ ဘွဲ့ တံဆိပ်နဲ့ ကျောင်းတော်ပြန်
မြင်ရင်တော့ အားကျဖို့ ကောင်းတာပေါ့
ဒါပေမယ့် ကြိုးစားတိုင်းဖြစ်နိုင်မလား
မနာလိုစရာ မရှိဘူးကွဲ့ ချစ်သူရာ
သမာအာဇီဝနဲ့  အလုပ်ကိုင်မှန်သမျှ
ဂုဏ်ယူစရာကြီးပဲပေါ့ မဟုတ်လားကွာ
မှောင်နေတဲ့ ဒီဘ၀က လမင်း..
သူ့ အလင်းနဲ့ ဆီးမီးခွက် အလင်းနဲ့  အတူပဲ
ပေးတယ်.. တကယ်ပါပေးတယ်..
မင်းသားဆိုရင် မင်းသား.. လူကြမ်းဆိုရင် လူကြမ်း..
ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ်
မင်းသားကို မျှော်ကိုးမစောင့်နဲ့ .. မင်းပဲ ရင်မောရမယ်..
မတူညီနဲ့  ဘ၀နှစ်ခုကို ပေါင်းစပ်အောင် စိတ်ကူးယဉ်လို့ .. အပိုပါပဲ
ကဗျာဆန်တဲ့ စကာလုံးများ မပြောနိုင်ပါ
ကိုယ်တိုင်က ပွင့်လင်းပြီး အရိုင်းဆန်မယ်
ဒါပေမယ့် အကွေ့ အကောက်ကင်းတဲ့ အမှန်အကန်
အောင်မြင်တဲ့ ထိပ်ဆုံးတော့ မမှန်းနိုင်ပါ
အခြေခံတဲ့ အောက်တန်းစား တစ်ယောက်ရယ်ပါ
တူယှဉ်ကာ ခယောင်းတောလမ်းလိုက်နိုင်မလား
ပြိုင်မယ်ဆို ပြိုင်ကြပေါ့
သူများရဲ့ အချစ်နဲ့  မောင်ထားတဲ့ အချစ်နဲ့ 
ဘယ်သူက စစ်မယ် .. တကယ်ပါ စစ်မယ်..

No comments:
Post a Comment