Saturday, June 28, 2008

အားလုံးကိုပျော်စေချင်သူ


အစကတည်းကအတွယ်အတာတွေများ
အားလုံးကိုပျော်စေချင်တာ...
ကိုယ့်အားနည်းချက် ...
မြွေမသေတုတ်မကျိုးမလွယ်တဲ့အဖြစ်မျိုး
မျှော်လင့် ချက်တကယ်ကြီးမားခဲ့သူ....ကိုယ်ပါ...
ရင်မှာဘယ်လိုရှိမယ်..ပြောဖို့ရာလူမဟုတ်ဖူး..
မင်းစိတ်နဲ့ ဘဲနှိုင်းပေါ့...
ရွေမျက်နှာကြည်လင်နေတာဘဲကိုယ်တွေ့ချင်တယ်..
အသံကလေးတွေရယ်ရှက်နေတာဘဲကိုယ်ကြားချင်တယ်..
ဒါပေမယ့်ထင်သလိုစေတနာအကျိုးမပေးပုံရယ်...
ချစ်သူရေတို့နှစ်ယောက်ရဲ့ ကံကိုဘဲ...ယိုး....
ချစ်သူရေတို့နှစ်ယောက်ရဲ့ ကံက...ဆိုး...
ချစ်သမျှကိုဆိုတဲ့ နှုတ်ဖျား....
ဖြစ်ရလေဆိုတဲ့သက်ပြင်းကိုယ်ချရပြီ....
ဟိုလူချောရင်း ဒီလူသိပ်ရင်း ...
နောက်ဆုံးတော့ အိပ်ရေးပျက်ရသူ..ကိုယ်ပါ...
ရင်မှာလေရွှေလိုဥတဲ့ ချစ်ကရုဏာတွေတောင်မှ...
ဒေါသအကောင်ပေါက်ခဲ့ ပေါ့...
ချော်လဲရင်ဖုန်တွေခါကာရယ် ထူပေးချင်တယ်...
နာတဲ့အခါအကြင်နာ အာငွေ့နဲ့မှုတ်ပေးချင်တယ်...
ဒါပေမယ့်ထင်သလိုထာဝစဉ်လုပ်မပေးနိုင်တယ်....
ချစ်သူရေတို့ နှစ်ယောက်ရဲ့ ကံကိုဘဲ...ယိုး....
ချစ်သူရေတို့ နှစ်ယောက်ရဲ့ ကံက...ဆိုး...
ကောင်းကွက်တွေထောင်ချီပေမယ့် ...
ဆိုးကွက်တစ်ခုဝင်လာတာနဲ့ အကုန်ပျက်ရတယ်...
ငိုချိန်ရောက်မှငိုလိမ့် အုံးမပေါ့...
မျိုသိပ်ရင်းပေါက်ကွဲခဲ့ရသူ..ကိုယ်ပါ...
ရင်မှာလေမြင်ခဲ့ ဖူးတဲ့ ချစ်ဗိမာန်ဘယ်လိုချင် ပြီလဲ..
လက်လျော့ခါနီးလေးပေါ့..
ဘယ်စကားတွေဘယ်နေရာတုန်းက
ကိုယ်ပြောမိမှားတာလဲ..
ဘယ်အပြုအမူဘယ်အချိန်တုန်းက
ကိုယ်လုပ်မိမှားတာလဲ..
အဖြေမှန်တွေ ရှာလေ ကြာလေ အရှုံးတွေ့လေ လေ..
ချစ်သူရေတို့ နှစ်ယောက်ရဲ့ ကံကိုဘဲ...ယိုး....
ချစ်သူရေတို့ နှစ်ယောက်ရဲ့ ကံက...ဆိုး...

Monday, June 23, 2008

ကော်ဖီသောက်တိုင်းလွမ်းတယ်




ကော်ဖီသောက်တိုင်းမင်းကို လွမ်းနေတယ်
အတူတူပျော်ခဲ့ကြတာ မှတ်မိလား..
မနက်ခင်း အလင်းရောင်လေးလိုကွယ်
နွေးထွေးခြင်းတွေကို ပေးတယ်...

တူတူ မျက်နှာချင်းလေးဆိုင် တို့ ထိုင်ပြီး
ပျော်ရွှင်ရယ်မောကြတာ မှတ်မိလား..
ကော်ဖီဟာလေ ပိုပြီးတော့ ချို...
အခုတော့ တို့ တစ်ယောက်တည်း ....

cho: (ကော်ဖီကြိုက်တဲ့ အချစ်ရေ.. အခုတော့ မင်းဘယ်မလဲ..
ကိုယ်နဲ့ ဝေးသွားခဲ့တာ ရက်ပေါင်း များပြီပဲ...
ကောင်းကင်ကို လှမ်းမျှော်ကြည့်ရင်း ..
ပျောက်ဆုံးတဲ့သူ မင်းကို ရှာ...နေပါတယ်....)

ဘ၀နဲ့ ရင်းကာ ချစ်ခဲ့.. ချစ်သူလေးရယ် အခုတော့ မင်း ဘယ်မလဲ..

အချိုလေးသွားရင် မင်းမကြိုက်ဘူး
အချိုလျှော့သောက်တာ မင်းအကျင့်ပဲ...
အကြိုက်ခြင်းလည်းတူ ခံစားချက်တူ
အသည်းခြင်းထပ်တူ အချစ်လေးရယ်...

ဒီနေရာလေးမှာ မင်းမရှိပဲ.. ဝေဆာလာအောင် တို့ မရှာဘူးကွယ်
အရင်နေရာကို ဖြည့်ဆည်းမယ့်သူ နောက်ထပ်မတွေ့ လိုတော့ဘူးကွယ်..

cho:

....ကော်ဖီဆိုင်မှာ ထိုင်မိတိုင်း ... ကော်ဖီတခွက်ကို သောက်နေတိုင်း.. မင်းရဲ့ အကြောင်းတွေ ခံစားမိမှ... ကော်ဖီဟာလေ ပိုခါးပေါ့.. ကော်ဖီသောက်တိုင်း သတိရမိ... ကော်ဖီသောက်တိုင်း အောက်မေ့ခဲ့.. ကော်ဖီသောက်တိုင်း လွမ်းရ... မင်း သိရလား အချစ်ဆုံး...

ကော်ဖီသောက်တိုင်း မင်းကို လွမ်းနေတယ်
....
....
ကော်ဖီကြိုက်တဲ့ အချစ်ရေ.. အခုတော့ မင်းဘယ်မလဲ..

Saturday, June 21, 2008

Paralyzer


Costs Of War

Saturday, June 14, 2008

အိမ်

Zaw Win Htut - House

မှောင်ရင်ကွယ် .. မိုးချုပ်ရင်ကွယ်
ဘ၀ရဲ့ အမောတွေ နား.. ချင်တယ်..
အိမ်ပြန်မယ်.. ကိုယ့်အတွက်ရှိရဲ့ လား..
အိုး.. အိမ်ကလေး တစ်ခု ပါကွယ်

အမှောင်တွေရယ်.. မင်းရဲ့ အချစ်ရယ်သာ..
ပြန်လာစရာ ကိုယ့်အိမ်ပါ..
မေရယ် အလွမ်းများနဲ့  အဝေးဆုံး
ရှောင်ဖယ် ပုန်းခိုနားဖို့ အတွက် ကိုယ်အိမ်ပြန်ခဲ့မယ်
အိုး... အချစ်ရေ ဆီးကြိုတော့
တစ်နေ့ တာလုံးကွယ်ကိုယ့်အလွမ်းတွေ မြိုသိပ်ပြန်ခဲ့မယ်
ကြင်နာစွာနဲ့  မေရေ.. ဖက်ထားနော်..

တလောကလုံးနဲ့ ပုန်းနေချင်တယ် ဆီးကြိုတော့
အိုး.. ဘ၀အမောများ.. ကိုယ်မင်းရင်ခွင်ထဲ .. မေ့ထားမယ်..
ကြင်နာစွာနဲ့ မေရေ .. ကူပါအုံး
မေရေ.. ဆီးကြိုတော့...

Monday, June 02, 2008