Wednesday, October 29, 2008

စတုတ္ထနိဗ္ဗာန်က အပြန်

စတုတ္ထနိဗ္ဗာန်က အပြန်

စတုတ္ထနိဗ္ဗာန်က အပြန်... အိုး.... အပြန်...
တောင်ပေါ်မှာ ဒီအချိန်ဆို တောင်သူ ယာမီးရှို့ လို့  လင်းထိန်နေမယ်..
ပြန်စရာအိမ်မရှိလဲ ပြန်ချင်စိတ်တော့ ရှိနေမြဲပါပဲ...
ချောင်ငယ်မှာ ဒီအချိန်ဆို အိမ်သူသက်ထား မျက်ရည်ကျလို့  နေမယ်..
မျှော်စရာလူရှိလည်း မျှော်ချင်စိတ်တော့ ပျောက်နေရော့ရှာ မယ်...

မောင်အရင်လို မမိုက်တော့ဘူး အချစ်ကလေးရေ.. မငိုနဲ့ တော့..
မောင်အရင်လို မမိုက်တော့ဘူး အချစ်ကလေးရေ... ပျော်တော့..

ကုဋေတသန်းတန်တဲ့ ခြေလှမ်းအမှန်နဲ့  စတုတ္ထနိဗ္ဗာန်က အပြန်..
ကုဋေတသန်းတန်တဲ့ ခြေလှမ်းအမှန်နဲ့  စတုတ္ထနိဗ္ဗာန်က အပြန်..

အရင်လိုသာ ဒီအချိန်ဆို ရွှေမှုန်ရွှေမီးညှိလို့  ရှို့က်ဖွာနေမယ်..
တခါတလေ အကြောင်းမရှိပဲ နေရာဟောင်းလေး စိတ်လည်မိသလိုပဲ...
အရင်လိုသာနေမယ်ဆို အိမ်သူသက်ထား အသက်တိုဖို့ ဖြစ်နေမယ်..
ပျော်ရာဘ၀မဟုတ်လည်း လူရဲ့ အသက်တစ်ချောင်း နှမျောဖို့ ကောင်းပါတယ်..

ပြန်ချင်တဲ့စိတ်တွေ မပြောင်းခင် အချစ်ကလေး ကြိုလှည့်တော့...
ပြန်ချင်တဲ့စိတ်တွေ မပြောင်းချင် အချစ်ကလေးရယ် ခေါ်တော့...

လာစဉ်ခါတုန်းက ရွှေအိမ်ရွှေနန်း ဖြောင့်လို့ တန်းလို့ ပါပဲ.
မရှာပေမယ့် အပေါင်းအသင်းစုံပါဘိနဲ့  အားတတ်သရော ရှိရောပဲ..
ပြန်ချိန်ခါကျမှ ဘယ်ဆီ ဘယ်နားမှန်းလို့  လမ်းရိပ်မမြင်ပဲ..
ပူလောင်တဲ့ ခရီးကြမ်း အဖော်မပါ တစ်ယောက်တည်း အားငယ်ဖို့ သာပဲ..

မခိုင်တော့တဲ့စိတ်တွေ မယိမ်းအောင် အချစ်ကလေး လက်တွဲဦး..
မနိုင်တော့တဲ့စိတ်တွေ မတိမ်းအောင် အချစ်ကလေးရယ် ကူဦး.....

အိပ်ဆေး

Thirty Three

33 - Big Bag

ပြဇာတ်မဟုတ်သောပြဇာတ်

ဘာဘဲဖြစ်ဖြစ်

လေထဲကငါ


ကဲနေပြီ...


ကဲနေပြီ.mp3


I miss Thin Gyan..

Monday, October 27, 2008

အလုပ်သိပ်များနေတယ်


အလုပ်သိပ်များနေတယ်.mp3

ပျော်ရွှင်မှုဆိုတာ

ပျော်ရွှင်မှုဆိုတာ

မျက်လုံးတွေထဲ မင်းပြောတဲ့ စကားသံများရယ်
နှုတ်ခမ်းပေါ်က နေပြောပါ
ဘာကြောင့်တွေ့တိုင်း ရှောင်တိမ်းလို့ သွားမလဲကွယ်
မျက်ရည်ဝဲရုံလေးနဲ့တော့ မပြောနဲ့ အချစ်ရယ်

ထာဝရအတွက် နှုတ်ဆက်တဲ့ စကားသံများရယ်
ကိုယ်မယုံဘူး အချစ်လေး တကယ်ယုံလို့မရ
ဘယ်သောအခါများ ရင်ထဲက အဖြစ်အပျက်တွေ
အခါခါ ရမ်းနေတဲ့ သူ့ခေါင်းထဲ ရှိပါ့မလဲကွယ်

မျှော်လင့်ခြင်းတွေဟာ ကိုယ့်ရဲ့နေ့တွေကို တည်ဆောက်တယ်
မင်းလေးပြုံးရင် ဒီဘ၀ အမြဲလှပနေမယ်
ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ ညတွေမှာ အိပ်မက်ဆဲ
မင်းလေးမရှိရင် ဒီအိပ်မက်တို့ ပျောက်ကွယ်မယ်

လိုအပ်ချက်များ မင်းအတွက်ရှိလိမ့်မယ်
အခက်အခဲတွေကြား တစ်ချိန်မှာ ပြည့်စုံလာမယ်
ပျော်မြူးနေတဲ့ မင်းအပြုံးလေး မဲ့သွားအောင်
ခံစားမှုများ ကိုယ်ဘာမှ မပြခဲ့

မပြေလည်တဲ့ အရာတွေ တို့နှစ်ယောက်အတူတူ ဖြေရှင်းမယ်
အားတင်းထားပါ လူတိုင်းဘ၀ရဲ့ အဓိပ္ပါယ်ပဲ
မသေချာတဲ့နေရာ မင်းထွက်သွားမှာ ကိုယ်စိုးတယ်
ကိုယ့်အချစ်ထက် ပိုလို့ဘာမှ စိတ်မချဘူး

Lyrics Credit to May11

Wednesday, October 22, 2008

တန်ရာတန်ရာ

တန်ရာတန်ရာ

လင်တော်မောင် ဒူးလေးနဲ့  အမဲရှာရင်..
အိမ်ရှင်မ မီးမွှေးရင်း ကြက်သွန်နွှာ..
ဒါမှလည်းဝမ်းဝလို့ ချမ်းသာမှာ
လင်တော်မောင် ငါးမျှားချိတ်နဲ့  ငါးရှာရင်..
အိမ်ရှင်မ ပလိုင်းထမ်းရင်း နောက်တော်ပါ
နေပူမှာ ထီးမဆောင်းပဲ ခေါင်းမာ မလား
ဒါတွေဟာ လိုအပ်တဲ့ အရည်အချင်း တစ်စိတ်တစ်ပိုင်းပဲ
စာတော့ ဘာတစ်တန်းမှ မအောင်လည်း
ရတယ်.. တကယ်ပါ ရတယ်..

ဒီဂရီတွေ ဘွဲ့ တံဆိပ်နဲ့ ကျောင်းတော်ပြန်
မြင်ရင်တော့ အားကျဖို့ ကောင်းတာပေါ့
ဒါပေမယ့် ကြိုးစားတိုင်းဖြစ်နိုင်မလား
မနာလိုစရာ မရှိဘူးကွဲ့ ချစ်သူရာ
သမာအာဇီဝနဲ့  အလုပ်ကိုင်မှန်သမျှ
ဂုဏ်ယူစရာကြီးပဲပေါ့ မဟုတ်လားကွာ
မှောင်နေတဲ့ ဒီဘ၀က လမင်း..
သူ့ အလင်းနဲ့ ဆီးမီးခွက် အလင်းနဲ့  အတူပဲ
ပေးတယ်.. တကယ်ပါပေးတယ်..

မင်းသားဆိုရင် မင်းသား.. လူကြမ်းဆိုရင် လူကြမ်း..
ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ်
မင်းသားကို မျှော်ကိုးမစောင့်နဲ့ .. မင်းပဲ ရင်မောရမယ်..
မတူညီနဲ့  ဘ၀နှစ်ခုကို ပေါင်းစပ်အောင် စိတ်ကူးယဉ်လို့ .. အပိုပါပဲ

ကဗျာဆန်တဲ့ စကာလုံးများ မပြောနိုင်ပါ
ကိုယ်တိုင်က ပွင့်လင်းပြီး အရိုင်းဆန်မယ်
ဒါပေမယ့် အကွေ့ အကောက်ကင်းတဲ့ အမှန်အကန်
အောင်မြင်တဲ့ ထိပ်ဆုံးတော့ မမှန်းနိုင်ပါ
အခြေခံတဲ့ အောက်တန်းစား တစ်ယောက်ရယ်ပါ
တူယှဉ်ကာ ခယောင်းတောလမ်းလိုက်နိုင်မလား
ပြိုင်မယ်ဆို ပြိုင်ကြပေါ့
သူများရဲ့ အချစ်နဲ့  မောင်ထားတဲ့ အချစ်နဲ့ 
ဘယ်သူက စစ်မယ် .. တကယ်ပါ စစ်မယ်..

မင်းသားဆိုရင် မင်းသား.. လူကြမ်းဆိုရင် လူကြမ်း..
ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ်
မင်းသားကို မျှော်ကိုးမစောင့်နဲ့ .. မင်းပဲ ရင်မောရမယ်..
မတူညီနဲ့  ဘ၀နှစ်ခုကို ပေါင်းစပ်အောင် စိတ်ကူးယဉ်လို့ .. အပိုပါပဲ

Thursday, October 09, 2008

Monday, October 06, 2008

အချစ်ဒဏ်ရာ

အချစ်ဒဏ်ရာ - ဇော်ဝင်းထွဋ်

အချစ်များစွာရဖူးတယ်.. အချစ်များစွာ ဆုံးပြန်တယ်
လောကကြီးကို အရမ်းတုန်လှုပ်တယ်.. သိပ်ကို ဆန်းကြယ်
အစိုးမရတဲ့မိုးတိမ်များလို အနာဂါတ်ကို မသိနိုင်ခဲ့
မှားယွင်းမိတဲ့ နှလုံးသားအပြစ်တွေကို .. ပြန်ပေးဆပ်ရတယ်

ချစ်ခဲ့မိသမျှ ဒဏ်ရာတွေသာ အဆိပ်တက်ကျန်ရစ်တယ်..
မှားယွင်းမှု့ ကြောင့် ငါ့ ဘ၀တစ်လျောက်မှာ.
သွေးပျက်သွား.... သွေးပျက်သွား

ဘ၀ရဲ့ကျောင်းတွေ တက်ခဲ့ဖူးပြီ .. လူတွေအကြောင်းကို နားလည်ပြီ
လောကကြီးကို အရမ်းတုန်လှုပ်တယ်.. သိပ်ကို ဆန်းကြယ်တယ်
အားလုံး သိတဲ့ မိုးတိမ်များလို .. အနာဂါတ်ကို မဆုပ်ကိုင်နိုင်
လမ်းကြောင်းလွဲမှား လမ်းပျောက်ဖူးတယ်.. အဓိပ္ပါယ်မဲ့နေတယ်

ချစ်ခဲ့မိသမျှ ဒဏ်ရာတွေသာ အဆိပ်တက်ကျန်ရစ်တယ်
မှားယွင်းမှု့ ကြောင့် ငါ့ရဲ့ ဘ၀တစ်လျောက်မှာ..
သွေးပျက်သွား.... သွေးပျက်သွား

ချစ်ခဲ့မိသမျှ ဒဏ်ရာတွေသာ နာကျင်အဆိပ်တတ်သွား
မှားယွင်းမှု့ ကြောင့် ငါ့ရဲ့ ဘ၀တစ်လျောက်မှာ..
သွေးပျက်သွား.... သွေးပျက်သွား
နာကျင်သွား... အိုး...
သွေးပျက်သွား..

Saturday, October 04, 2008

Thursday, October 02, 2008