စတုတ္ထနိဗ္ဗာန်က အပြန်
စတုတ္ထနိဗ္ဗာန်က အပြန်... အိုး.... အပြန်...
တောင်ပေါ်မှာ ဒီအချိန်ဆို တောင်သူ ယာမီးရှို့ လို့  လင်းထိန်နေမယ်..
ပြန်စရာအိမ်မရှိလဲ ပြန်ချင်စိတ်တော့ ရှိနေမြဲပါပဲ...
ချောင်ငယ်မှာ ဒီအချိန်ဆို အိမ်သူသက်ထား မျက်ရည်ကျလို့  နေမယ်..
မျှော်စရာလူရှိလည်း မျှော်ချင်စိတ်တော့ ပျောက်နေရော့ရှာ မယ်...
မောင်အရင်လို မမိုက်တော့ဘူး အချစ်ကလေးရေ.. မငိုနဲ့ တော့..
မောင်အရင်လို မမိုက်တော့ဘူး အချစ်ကလေးရေ... ပျော်တော့..
ကုဋေတသန်းတန်တဲ့ ခြေလှမ်းအမှန်နဲ့  စတုတ္ထနိဗ္ဗာန်က အပြန်..

အရင်လိုသာ ဒီအချိန်ဆို ရွှေမှုန်ရွှေမီးညှိလို့  ရှို့က်ဖွာနေမယ်..
တခါတလေ အကြောင်းမရှိပဲ နေရာဟောင်းလေး စိတ်လည်မိသလိုပဲ...
အရင်လိုသာနေမယ်ဆို အိမ်သူသက်ထား အသက်တိုဖို့ ဖြစ်နေမယ်..
ပျော်ရာဘ၀မဟုတ်လည်း လူရဲ့ အသက်တစ်ချောင်း နှမျောဖို့ ကောင်းပါတယ်..
ပြန်ချင်တဲ့စိတ်တွေ မပြောင်းခင် အချစ်ကလေး ကြိုလှည့်တော့...
ပြန်ချင်တဲ့စိတ်တွေ မပြောင်းချင် အချစ်ကလေးရယ် ခေါ်တော့...
လာစဉ်ခါတုန်းက ရွှေအိမ်ရွှေနန်း ဖြောင့်လို့ တန်းလို့ ပါပဲ.
မရှာပေမယ့် အပေါင်းအသင်းစုံပါဘိနဲ့  အားတတ်သရော ရှိရောပဲ..
ပြန်ချိန်ခါကျမှ ဘယ်ဆီ ဘယ်နားမှန်းလို့  လမ်းရိပ်မမြင်ပဲ..
ပူလောင်တဲ့ ခရီးကြမ်း အဖော်မပါ တစ်ယောက်တည်း အားငယ်ဖို့ သာပဲ..
မခိုင်တော့တဲ့စိတ်တွေ မယိမ်းအောင် အချစ်ကလေး လက်တွဲဦး..
မနိုင်တော့တဲ့စိတ်တွေ မတိမ်းအောင် အချစ်ကလေးရယ် ကူဦး.....

No comments:
Post a Comment