Monday, October 06, 2008

အချစ်ဒဏ်ရာ

အချစ်ဒဏ်ရာ - ဇော်ဝင်းထွဋ်

အချစ်များစွာရဖူးတယ်.. အချစ်များစွာ ဆုံးပြန်တယ်
လောကကြီးကို အရမ်းတုန်လှုပ်တယ်.. သိပ်ကို ဆန်းကြယ်
အစိုးမရတဲ့မိုးတိမ်များလို အနာဂါတ်ကို မသိနိုင်ခဲ့
မှားယွင်းမိတဲ့ နှလုံးသားအပြစ်တွေကို .. ပြန်ပေးဆပ်ရတယ်

ချစ်ခဲ့မိသမျှ ဒဏ်ရာတွေသာ အဆိပ်တက်ကျန်ရစ်တယ်..
မှားယွင်းမှု့ ကြောင့် ငါ့ ဘ၀တစ်လျောက်မှာ.
သွေးပျက်သွား.... သွေးပျက်သွား

ဘ၀ရဲ့ကျောင်းတွေ တက်ခဲ့ဖူးပြီ .. လူတွေအကြောင်းကို နားလည်ပြီ
လောကကြီးကို အရမ်းတုန်လှုပ်တယ်.. သိပ်ကို ဆန်းကြယ်တယ်
အားလုံး သိတဲ့ မိုးတိမ်များလို .. အနာဂါတ်ကို မဆုပ်ကိုင်နိုင်
လမ်းကြောင်းလွဲမှား လမ်းပျောက်ဖူးတယ်.. အဓိပ္ပါယ်မဲ့နေတယ်

ချစ်ခဲ့မိသမျှ ဒဏ်ရာတွေသာ အဆိပ်တက်ကျန်ရစ်တယ်
မှားယွင်းမှု့ ကြောင့် ငါ့ရဲ့ ဘ၀တစ်လျောက်မှာ..
သွေးပျက်သွား.... သွေးပျက်သွား

ချစ်ခဲ့မိသမျှ ဒဏ်ရာတွေသာ နာကျင်အဆိပ်တတ်သွား
မှားယွင်းမှု့ ကြောင့် ငါ့ရဲ့ ဘ၀တစ်လျောက်မှာ..
သွေးပျက်သွား.... သွေးပျက်သွား
နာကျင်သွား... အိုး...
သွေးပျက်သွား..

No comments: