ကျွန်တော် နှစ်သက်တဲ့ ကဗျာလေး တစ်ပုဒ်ပါ။ ဗမာပြည်တွင်မွေး၍ ဗမာနိုင်ငံအကြောင်း စိတ်ဝင်စားသူတိုင်း သိသော ကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။ နောင် မျိုးဆက် ဗမာလူငယ်တိုင်းလည်း သိကိုသိရမည့် သမိုင်းနှင့်ဆိုင်သော ကဗျာတစ်ပုဒ်ဖြစ်သောကြောင့် အမှတ်တရ အနေနဲ့  ကျွန်တော် ပြန်တင်ထားပေးခြင်း ဖြစ်ပါတယ်။
သစ္စာ
အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏ သွေး မနီသေးလျှင်
အသင်တို့ သွေး ပက်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ဝိညာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးသားဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့ ၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ် အပြစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်အသက် လမ်းတဝက်မှ ပေးဆပ်ရလည်း
လူ့ ဘုံလမ်းခွဲ ဝမ်းမနည်းပဲ
တာဝန်တရပ် ကျေပွန်မှတ်၍
ထပ်ဆင့်ပျော်ရွှင် ကျွန်ုပ်ဝိညာဉ်သည်
ဒေါင်းအလံကိုစွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ။
မင်းကိုနိုင်
ဥက္ကဌ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲချုပ်
1 comment:
ဘာေတွရေး ထားတာတုန်း
Please use Burmese true Unicode font.
Gawgyi is private font
Post a Comment