Monday, September 04, 2006

ယနေ့  ဗမာပြည် - ၃ - လုံးဝသဘောမတူနိုင်ဘူးကွ ... ဟား ဟား....

မြန်မာ နက္ခတ္တဗေဒပညာရှင်မျာက ပလူတိုကို ဂြိုလ်အဖြစ် ဆက်လက်သတ်မှတ်

ကမ္ဘာပေါ်က ဦးဆောင် နက္ခတ္တဗေဒပညာရှင် အများအပြားပါဝင်တဲ့ အဖွဲ့ တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ နက္ခတ္တဗေဒ ပညာရှင်များ သမဂ္ဂ (International Astronomical Union) ရဲ့ သြဂုတ်လ ၂၄ ရက်နေ့ အစည်အဝေးက ပလူတိုကို နေစကြာဝဠာရဲ့ ဂြိုလ်ကြီးတစ်ခုအဖြစ် အသိအမှတ် မပြုကြပေမယ့်လည်း မြန်မာ့ နက္ခတ္တဗေဒ ပညာရှင်တွေကတော့ ပလူတိုကို ဂြိုလ်တခု အဖြစ် ဆက်လက်သတ်မှတ်ထားမှာ ဖြစ်ကြောင်း၊ နေစကြာဝဠာမှာ ဂြိုလ်ကြီး ၉ လုံးရှိတယ် လို့  ဆက်လက်ယူဆမှာ ဖြစ်ကြောင်း ပြောကြားလိုက်တယ်လို့  သိရပါတယ်။

" ပလူတိုဟာ မိရိုးဖလာအရ ဂြိုလ်အဖြစ် မြန်မာ့ နက္ခတ္တဗေဒမှာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ဆက်လက် တည်ရှိနေမှာပါ။ " လို့  မြန်မာ့ နက္ခတ္တဗေဒ အဖွဲ့  ဥက္ကဌ ဦးထွန်းလွင်ကို ကိုးကားပြီ့း  မြန်မာတိုင်း သတင်းစာမှာ ဖော်ပြထားတယ်လို့  သိရပါတယ်။ " အဲ့ဒ သိပ္ပံ ပညာရှင်တွေ သူတို့ ကြိုက်သလို ဆုံးဖြတ်ချက်ချနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့  အတွက် ပလူတိုဟာ နေစကြာဝဠာရဲ့ အရေးပါတဲ့ ကဏ မှာ ရှိနှေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ သူကို ဒီအတိုင်း ဆက်လက် သတ်မှတ်ပြီး တွက်ချက်မှု့ တွေကို ခါတိုင်းလုပ်သလို လုပ်သွားမှာပါ။ သူဟာ ကမ္ဘာနဲ့  ဝေးကွာတဲ့ နေရာမှာ ရှိတယ်။ ကျယ်ပြန့် လွန်းတဲ့ ဂြိုလ်ပတ်လမ်းကြောင်း ရှိတယ်။ အဲ့ဒီ အဓိပ္ပါယ်က တဦးတယောက်စီအတွက် အားနည်းးတဲ့ လွမ်းမိုးမှု့ ရှိတာ ဖြစ်ပေမယ့် ကြီးကျယ်တဲ့ ဖြစ်ရပ်တွေနဲ့  ပတ်သက်လို့  ရေရှည်တွက်ဆနိုင်တဲ့ လွမ်းမိုးမှု့  ရှိတယ်။ " လို့  ဦးထွန်းလင်းက ပြောသွားကြောင်း အေပီသတင်းမှာ ဖော်ပြ ထားပါတယ်။

မြန်မာတွေဟာ ဗေဒင်၊ နက္ခတ်၊ လက္ခဏာ၊ ရှေ့ ဖြစ် နောက်ဖြစ်၊ ဘိုးတော် အစရှိသဖြင့် ယုံကြည်ကိုးစားမှုတွေ ရှိကြပြီး တခုခု လုပ်မယ်ဆိုရင် ဗေဒင်ဆရာ၊ ဒေဝဆရာ စသည်ဖြင့် မေးလိုက်၊ ပြောလိုက်၊ အကူအညီ တောင်းလိုက်ရမှ နေသာထိုင်သာ ရှိသူတွေလို့  ဝေဖန်ခံရတတ် သူတွေဖြစ်ပါတယ်။ မြန်မာ့ ဗေဒင်လောကမှာ ကိုးဂဏန်း ရဲ့ အရေးပါမှု့  နဲ့  ဂြိုလ်ကြီးကိုးလုံး တည်ရှိမှု့ တို့ ဟာ အဓိကကျတဲ့နေရာမှာ ရှိတယ်လို့  ကြားဘူးပါတယ်။ ကွယ်လွန်သွားတဲ့ ၆၂ အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေဝင်းဆိုရင် ကိုးဂဏန်း အရ ကိုးဆယ်ကျပ်တန်၊ လေးဆယ်ငါးကျပ်တန် စသည်ဖြင့် ကမ္ဘာမှာ မပေါ်ပေါက်ခဲ့ဘူးတဲ့ ငွေစက္ကူတွေ ထုတ်လုပ်ခဲ့ သူဖြစ်ရုံမက ကိစ္စအတော်များများကို ကိုးနဝင်းကြေဆိုပြီး လုပ်တတ်သူလို့  အပြောခံရပါတယ်။

လက်လုပ်လက်စားတဦးကတော့ " ဂြိုလ်ကြီး ၉ လုံးက ၈ လုံးဖြစ်တာ၊ ၈ လုံးက ၉ လုံးဖြစ်တာ တို့ နဲ့  ဆိုင်သလား၊ မဆိုင်သလားတော့ မသိပါဘူးအေ၊ ထမင်းနပ်မှန်အောင် စားရဘို့  မနည်း ကြိုးစားနေရတာတော့ အမှန်ပါဘဲ။ " လို့  ပြောပြပါတယ်။

Original news link

No comments: