Friday, March 21, 2008

မျှော်လင့်ခြင်းကမ်းခြေ - ဇော်ဝင်းထွဋ်

မျှော်လင့်ခြင်းကမ်းခြေ - ဇော်ဝင်းထွဋ်

သွေးပျက်ခြင်းရဲ့ ညတွေ နောက်မှာ ကျန်ခဲ့ပြီ
ငါ့အတွက်တော့ ခိုနားရမယ့် နေရာမရှိ
ကြေကွဲခြင်းတွေကို နှစ်သိမ့် မင်းစကားသံ
ငါလေ လိုက်ရှာမတွေ့ ပြီ......

ဧရာဝတီရယ် စီးဆင်းပါ
ပျော်ရွှင်ငြိမ်းချမ်းခြင်းတို့  ပေါင်းစပ်လို့ပေးပါ
မျှော်လင့်ချက်ကမ်းခြေလေး ငါလေအရောက်သွားမလို့ 
လမ်းပြလှည့်ပါ...

မိုးသောက်အလင်းများရောက်ရင် ညအမှောင်ကုန်ဆုံးမယ်
နှလုံသားထဲ တောက်ပတဲ့ မျှော်လင့်ချက်....
နာကျည်းခြင်းတွေနဲ့  ပြိုလဲခဲ့ဘ၀တစ်ခုကို
ငါလေ အသစ်ပြန်စတယ်

Photo Credit to Ko ThaKhinGyi

2 comments:

AwLanMg said...

ဒီသီချင်းလေး ကြိုက်ပါတယ်၊ ပုံကလေးကလည်း လှတယ်


မြန်မာမင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပါစေ။

Thiha Kyaw Zaw said...

ကျေးဇူးပဲ အစ်ကိုရေ.. မင်္ဂလာနှစ်သစ်မှာ အစ်ကိုလည်း ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဘလော့ကို ပြစ်ထားတာ ကြာပြီ။ တစ်ခုခု တင်ချင်မှပဲ ၀င်ကြည့်ဖြစ်တော့တယ်။