Sunday, March 09, 2008

Annual Report to Congress on the Military Power of the People's Republic of China (PRC) 2008

Congress on the Military Power of the People's Republic of China (PRC) 2008
Annual Report (Download)

တရုတ်နိုင်ငံရဲ့ စစ်ရေးဟာ အမြဲတမ်း ဂရုတစိုက်စောင့်ကြည့်သင့်တဲ့ ကိစ္စတခုပါ။ ယနေ့  နဝတ/ နအဖ ခေတ်ကြမှ တိုင်းပြည်ရဲ့ ရန်သူကို ထိုင်းနဲ့ အမေရိကန်လို့ သတ်မှတ်ခဲ့တာပါ။ အရင်တုန်းက တလျောက်လုံး မဆလခေတ် အထိ Ideology အရ ဗမာပြည်ရဲ့ အဓိက ရန်သူဟာတရုတ်လို့  သတ်မှတ်ခဲ့ ပါတယ်။ စစ်လက်နက် စက်ရုံတွေ တည်ဆောက်တဲ့ အခါမှာလဲ ဧရာဝတီမြစ်ကို သဘာဝ အရံအတား တခုလို့  သတ်မှတ်ပြီး လက်နက်စက်ရုံတွေကို ဧရာဝတီမြစ် အနောက်ဖက်ကမ်းမှာဘဲ ဆောက်ခဲ့ ကြလေ့ရှိပါ၊၊ တရုတ်ပြည်ဟာ ယနေ့ခေတ်မှာ အမေရိကန်၊ ရုရှားနဲ့ အပြိုင် အာကာသစစ်ပွဲ အတွတ် ပြင်ဆင်နေတဲ့ စစ်အင်အားကြီး နိုင်ငံတနိုင်ငံ ဖြစ်နေပါပြီ။ 21ရာစုမှာ ကမ္ဘာကြီးရဲ့ စစ်ရေးအရ hot ဖြစ်တဲ့ region ဟာ အာရှပစိဖိတ်ဒေသ ဖြစ်လာပါပြီ။ Bush သမ္မတ ဖြစ်ကာစ ကစ်ဆင်းဂျားရဲ့ 21ရာစု အတွက်သူရဲ့ report တွေမှာ သုံးသပ်ခဲ့တာတွေလဲ အမှတ်ရမိပါတယ်...

စက်မှူ့တော်လှန်ရေးခေတ်တုန်းကလဲ ဗမာပြည်ဟာ စက်မှူ့ခေတ်လှိုင်းကို မစီးနိင်ခဲ့ပါဘူး။ နောက်ဆုံးရလဒ်က ဗမာပြည်ဟာ ကမ္ဘာနဲ့ ရင်ဘောင်မတန်းနိုင်တော့ဘဲ လွတ်လပ်ရေး ဆုံးရုံးခဲ့ရပါတယ်။ ယနေ့ နည်းပညာ တော်လှန်ရေးခေတ်မှာလဲ နောက်ကျ ကျန်ခဲ့ရင်တော့ အာရှ region မှာ စစ်ပူလာတဲ့ အခါလွတ်လပ်ရေး ထပ်ဆုံးရှုံးရအုန်းမှာ ဖြစ်ပါတယ်။ အခုတောင် ဗမာပြည်ဟာ နဝတ/နအဖခေတ်ကျမှ အချုပ်အချာ အာဏာ မဆုံးရုံးသေးပေမဲ့ တရုတ်အာဏာစက်အောက်ကို လုံးလုံးကျရောက်နေပါပြီ။

ဗမာပြည် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ရတဲ့ အားနည်းချက်ကို သမိုင်းဆရာတွေက အမျိုးမျိုး သုံးသပ်ရေးသား ကြပေမယ့် 21ရာစု မှာသာ ဗမာပြည် တရုတ်အောက် ကျရောက်ခဲ့ရင် နဝတ/နအဖကြောင့် လို့ အသေအချာ သုံးသပ်နိုင်ပြီ ဖြစ်ပါတယ်။ ငယ်ငယ်က သမိုင်းမှာ ကမ္ဘာစစ်ဖြစ်ရတဲ့ အကြောင်းတွေကို သင်ရတဲ့ထဲက အမျိုးသား စိတ်ဓါတ်များ ပြင်းထန်လာခြင်း၊ စစ်လက်နက်များ အပြိုင်အဆိုင် တပ်ဆင်ခြင်း စတဲ့ အချက်တွေဟာ ယနေ့ တရုတ်အခြေအနေနဲ့ တထပ်ထဲ ဖြစ်နေပါပြီ။ တဖက်မှာလဲ ခေတ်သစ်နယ်ချဲ့တဲ့ ပုံစံနဲ့ အာဖရိက၊ ဗမာပြည် စသည်တို့ မှာ သြဇာအာဏာ ထူထောင်နေပါပြီ။ ကိုရီးယား စစ်ပွဲတုန်းကလဲ တရုတ်တပ်မတွေ ပေးပို့ပြီး မြောက်ကိုရီးယား ဖက်ကနေ ဝင်ရှူပ်ခဲ့ ပါတယ်။ စစ်အပြီး ဗီယက်နမ်ကို ကျူးကျော်ဖို့ ကြိုးစားခဲ့ ပါတယ်။ တိုက်ရည်ခိုက်ရည်ဝနေတဲ့ ဗီယက်နမ်က ကောင်းကောင်းသင်ခန်းစာပေးခဲ့ ပါတယ်။ India နဲ့ စစ်ပွဲတွေ ဖြစ်ခဲ့ ပါတယ်။ အီရန်ကို စစ်လက်နက် ထောက်ပံပေးနေပါတယ်၊ မီလိုဆီဖစ်ခေတ် တုန်းကလဲ နောက်ကွယ်က ရေဒါနည်းပညာနဲ့ဝင်ရှုတ်တဲ့ အတွက် အမေရိကန်က Belgrade က တရုတ်သံရုံးကို rocket နဲ့  ပစ်ပြီး ပညာပေးခဲ့ပါသေးတယ်။ Middle east မှာလဲ တရုတ်လုပ်ဗုံးတွေ၊ rocket တွေပျံ့ ကြဲ နေပါတယ်။ တိဘက်ကိုလဲ လုံးလုံး လက်လွက်မဲ့ပုံ မမြင်ပါ။ ဆူတန်နဲ့ဗမာပြည်ကိစ္စတွေမှာ တရုတ်ရဲ့ ဝင်ရှုပ်မှု့တွေကြောင့် တရုတ်ဟာ ယနေ့ ကမ္ဘာကြီးရဲ့ ၀ိုင်းကဲ့ရဲ့ တာလဲ ခံနေရပါပြီ..

ဗမာပြည်တုန်းကလဲ ဗကပကို စစ်ရေးအကူအညီ ပုံအောခဲ့ ပေမဲ့ ဦးနေဝင်း စစ်လက်နက် အကူအညီ တောင်းတဲ့အခါမှာလဲ၊ ကူညီခဲ့ပြီး ဗမာအချင်းချင်း သတ်ခိုင်းခဲ့ ပါတယ်။ အခုလဲ နဝတ/နအဖ အကူအညီနဲ့ Admen sea ကို လွမ်းမိုးဖို့ ကြိုးစားနေပါတယ်။ ယနေ့ခေတ် နဝတ/နအဖ ပုံစံနဲ့ဆိုရင်တော့ ဗမာပြည်ဟာလဲ အနာဂတ်မှာ အချုပ်အချာအာဏာ ဆုံးရုံးဖို့ အကြောင်းတွေနဲ့ ကြုံရအုန်းမှာပါဘဲ.....

No comments: