Sunday, March 16, 2008

တစ်ယောက်သောသူအနမ်း - စိုင်းထီးဆိုင်

တစ်ယောက်သောသူအနမ်း - စိုင်းထီးဆိုင်

တည်ငြိမ်စ ရေမျက်နှာ လေပြေဆော့ပြေးသလို
အမည်မဖော်နိုင်တဲ့ လှိုင်းတွေ ရင်မှာလှုပ်ရှားသွား
လှောင်အိမ်ထဲကငှက် အပြင်မှာ ပျံမလား ခေါ်တဲ့ သဘော
(တစ်ယောက်သော တစ်ယောက်သော သူအနမ်း) x ၃

စိန်ခေါ်ရင် ဘယ်ထိအောင် ရည်ရွယ်ချက်ထားလဲ
ခင်မင်ယုံလောက်ပဲဆို ပိုနေလိမ့်အုံးမယ်
မဆုံနိုင်တဲ့ ဇာတ်လမ်း ရုံတင်မယ်လို့  ကြံတဲ့သဘော
(တစ်ယောက်သော တစ်ယောက်သော သူအနမ်း) x ၃

ထင်ချင်ရာထင်ပေါ့လို့  ထင်ပိုင်ခွင့်ပေးလဲ
ကိုယ်လိုရာကိုယ်ဆွဲလို့ ကိုယ်မထင်ရက်ဖူးကွယ်
ကြယ်ကြွေတဲ့ညရဲ့ အဖြေဟာ ဘာလဲ ရှာတဲ့သဘော
(တစ်ယောက်သော တစ်ယောက်သော သူအနမ်း) x ၃

No comments: