Wednesday, February 13, 2008

ဖေဖော်ဝါရီရဲ့ အကျဉ်းသား…

ဖေဖော်ဝါရီဟာ
နေသာသလို
နေလာခဲ့တာ
ကြာပြီပေါ့
နွေယောင်ဆောင်တော့ မလိုလို .....။

တကယ်တော့
ကိုယ့်ည ဟာလဲ
မြို့ ပြ မဆန်တာ
ကြာခဲ့  .....
အီလည်လည်နဲ့
အနယ်ကျနေလိုက်တာ...။

အင်္ဂုလိမာလ လို ဇောတွေနဲ့
ငါ့မှာ ….
ပြေးနေလိုက်ရပြန်....
လံကွတ်တီ တဖားဖားနဲ့
လူသတ် လက်ဖြတ်မလို့ မဟုတ်ဘူးဟဲ့ ...
သံယောဇဉ် နဲ့ ဝေးရာ
ပင့်ကူအိမ်က လိပ်ပြာလိုလဲ တဖျတ် ဖျတ် ...။

ဘေဘီရေ……..
ညတွေမှာ
ငါမအိပ်တတ်တော့.........။

ငြိမ်းဇေဦး
ငြိမ်းဇေဦးဘလော့မှကူးယူးဖေါ်ပြသည်

No comments: