Wednesday, October 18, 2006
ipod တွေ အကောင်ကိုက်နေပြီတဲ့ဗျို့ ...
Apple ကုမ္ပဏီက သူရဲ့ ipod music player တွေမှာ အကောင်ကိုက်နိုင်တယ်လို့  ဒီနေ့ ပဲ သတိပေးလိုက် ပါတယ်။ လွန်ခဲ့တဲ့ ၁၂ လ အတွင်းမှာ ရောင်းခဲ့တဲ့ ipod player တွေရဲ့ 1% မှာ RavMonE virus ပြန့် ပွားနေပြီး၊ Window operation system သုံးထားတဲ့ ကွန်ပြုတာတွေကို ထိခိုက်နိုင်တယ်လို့  ဆိုထားပါတယ်။ ဒီ virus ဟာ china မှာရှိတဲ့ ipod ထုတ်တဲ့ စက်ရုံ ရဲ့ Window OS သုံးထား တဲ့ ကွန်ပြူတာ ကတဆင့် ကူးဆက်ခဲ့တာဖြစ် ပါတယ်။ အဲ့ဒီ virus ဟာ ipod က windows ကွန်ပြူတာနဲ့  ချိတ်ဆက် အသုံးပြုတဲ့ အခါမှာ အသက်ဝင်လာမှာ ဖြစ်ပြီး up-to-date ဖြစ်တဲ့ anti virus software တွေက သိရှိနိုင်မယ် ဆိုထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment