Wednesday, October 11, 2006

ဗုဒ္ဓ တရားတော်များ ၏ ဂုဏ်သတ္တိ ၆ ချက်

ဗုဒ္ဓသည် သူ့ ၏တရားတော်များကို ဂုဏ်သတ္တိ ၆ ချက်နှင့်ပြည့်စုံမှ
လက်ခံဟု တိုင်းတာရန် ပေတံပေးခဲ့သည်။

၁။ သွာက္ခာတဓမ္မ။ အစ အလယ်အဆုံးသုံးပါးလုံး၌ ကောင်းခြင်းဂုဏ်နှင့်
ပြည့်စုံ၍၊အပြစ်ရှာမရ၊ဟောသူနာသူ မနစ်နာရပါပေသော တရားတော်။

၂။ သန္ဒိဋ္ဌိကဓမ္မ။ မိမိတို့ ကိုယ်တိုင်ကိုယ်ကျ ရှုမြင်အပ်၊ သိမြင်အပ်ပါပေ
သော၊ မိမိတို့ ကိုယ်တိုင်သိအောင် ကျင့်ကြံနိုင်ပါပေသော တရားတော်။

၃။ အကာလိကဓမ္မ။ အချိန်မရွေး၊ ကာလမရွေး၊ အကျိုးပေးတော် မူပါပေ
သော၊ ကျင့်ချိန်သီးခြား မကွဲပြားသည့် ကာလအတိုက်စားခံ မှန်ကန်ပါပေ
သော တရားတော်၊

၎။ ဧဟိပဿိကဓမ္မ။ မည်သူ့ကိုမဆို လာပါ ရှုပါ စုံစမ်းပါ-ဟု ဖိတ်ခေါ်
ခြင်းငှာ ထိုက်တော်မူပါပေသော၊မည်သူကမျှ မငြင်းပယ်နိုင်ပါပေသော
တရားတော်။

၅။ သြပနေယျိကဓမ္မ။ ကျင့်ဆောင်ပွားက မိမိတို့ကိုယ်စိတ်၌ အမြဲဆောင်
ထား၊ ကပ်ထားခြင်းငှာ ထိုက်တော်မူပါပေသော၊မိမိတို့ ကိုယ်စိတ်၌ တည်
မြဲအောင် ဆောင်ထားကပ်ထား၍ ရနိုင်တော်မူပါပေသော တရားတော်။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗ ၀ိညူဟိ ။ မှားမှန်ခွဲသိ ပညာရှိတို့သည် မိမိတို့၏မဂ်ဥာဏ်
ဖိုလ်ဥာဏ်တို့ဖြင့် အသီးသီး ကိုယ်ပိုင်ကိုယ်တိုင် လက်ငင်းဒိဋ္ဌ သိအပ်၊
ခံစားအပ်ပါပေသော၊ မိမိလိုက်နာ ကျင့်သုံးသည့် တရားအကျိုးကို ချက်
ခြင်းလက်ငင်း သိမြင်ရပါပေသော တရားတော်။

Read more

No comments: