Sunday, November 16, 2008

Sunday, Noverber 16

စနေ၊ တနင်္ဂနွေဆိုရင် ပျင်းနေတတ်သည်။ လုပ်စရာ အလုပ်အကြွေးတွေကလည်း တစ်ပုံကြီးရှိသည်။ သောကြာနေညက အားရပါးရ အိပ်လိုက်သည်မှာ စနေနေ့  နေ့ ခင်း ၁၂ နာရီထိုးခါနီးမှ နိုးလာသည်။ အိပ်ရာက နိုးလာတော့ ကွန်ပြူတာရှေ့ ထိုင်ပြီး အင်တာနက်လေးသုံး၊ ဖုန်းပြော၊ ဒီလိုနှင့် ၃ နာရီထိုးသွားတော့ ဈေးထွက်ဝယ် ဖြစ်သည်။ ညနေ ၃ နာရီထိုးသည် အထိ ဘာမှ မစားရသေးပါ။ ဈေးထွက်ဝယ် ဟိုဝင်ဒီဝင်နှင့် ညနေ ၄ နာရီထိုး အိမ်ပြန်ရောက်၏။ ထမင်းချက်၊ ဟင်းချက်၊ ထမင်းစားနှင့် ညနေ ၅ နာရီကျော်သွားသည်။ ထိုနောက်တခါ အိပ်ပျော်သွားပြန်၏။ ညသန်းခေါင်းနိုးခါးနီးမှ ပြန်နိုးလာ၏။ ဖုန်းပြောစရာရှိတာ ပြော၊ ပြီးတော့ ဘလော့တွေ ၀င်ဖတ်နေမိသည်။ အခု မနက် ၃ နာရီထိုးပြီ။ နေ့ ခင်းက Firewall Builder စမ်းနေသည့်ကိစ္စ အဆုံးမသတ်ဖြစ်သေး။ Linux iptables သုံးပြီး 3 legs firewall တစ်ခု configure လုပ်စရာရှိသည်။ အလုပ်နှင့် မပတ်သက်၊ ကိုယ်ဟာကို စမ်းစရာ ကိစ္စဖြစ်သည်။ နေ့ ခင်းတုန်းက စမ်းကြည့်တာကတော့ သိပ်မဆိုးလှ။ အိမ်အပြင်ခနထွက်ပြီး အပြင်ကို ငေးကြည့်မိ၏။ ဒီနေ့ ရာသီဥတုက အတော်လေး အေးသည်။ ရေခဲမှတ်အောက် ကျနေသည်။ တစ်နေ့ လုံး အုံ့ အုံ့ ဆိုင်းဆိုင်းနှင့် ဒီည နှင်းကျမည်ဟု မျှော်လင့်ထား သော်လည်း နှင်းမကျပါ။ Firewall ကို ဆက်စမ်းဖို့  ကိစ္စလည်း အာရုံမရသေး။ အခု ဆက်မလုပ်ဖြစ်ရင်တော့ တနင်္ဂနွေနေ့ မနက် အပြီးလုပ်ရမည်။

No comments: