Sunday, November 16, 2008

တဆောင်းသစ်ပြန်ပြီ

ဒီနေ့  နှင်းစကျတယ်...
.......
.......

ပန်းပွင့်တွေ လှမ်းလင့် ခြွေသံလား..
ပြတင်းတံခါးမှာ နှင်းများလာရိုက်ခတ်
လအရိပ်မှာ ညအိပ်ရာဝင်စဉ်
အိုး... တစ်ဆောင်းသစ်ပြန်ပြီ

အသည်းထဲမှာ စွဲမြဲစွာလောင်ကျွမ်း
အနမ်းတစ်ခုဟာ လွမ်းသူ့ အိပ်မက်ပေါ့..
နှုတ်မဆက်ခင်ရုတ်တရက်ပင်ထွက်သွား..
အိုး... တစ်ဆောင်းသစ်ပြန်ပြီ

လမ်းထက်မှာ လွမ်းမျက်ရည်စက်များ
အဝေးဆုံးကို ပြေးပုန်းသူ တစ်ဦးအတွက်
နှလုံးသားမှာ ဆုံးပါး စွာကြေကွဲ
အိုး....တစ်ဆောင်းသစ်ပြန်ပြီ..

အနမ်းတစ်ခုအတွက်
လွမ်းသူ့ အိပ်မက်များ
အနမ်းတစ်ခု လွမ်းသူ့ အိပ်မက်များ

No comments: