ကဗျာဆရာကြီး ဦးတင်မိုးကို ဒီနေ့ (၂၉၊၀၁၊၂၀၀၇) မနက် လင်းအားကြီးအခ်ျိန်မှာ သဂြိုလ် ပြီးစီးပြီ ဖြစ်ကြောင်း သိရပါတယ်။ ဦးတင်မိုးရဲ့ နောက်ဆုံးရေးသားထားသော ကဗျာလေးပါ။ ကျွန်တော် အလွန်နှစ်ခြိုက်လှပါတယ်။
ကဗျာဆရာကြီး ဦးတင်မိုး ကောင်းရာသုဂတိလားပါစေ။
သာမန် လူသားတစ်ဦးရဲ့ ဆန္ဒ
အာကရံ ပါကရံနဲ့ 
ဗာလာနံတွေနဲ့ 
ဝါစာကမာဆန်ဆန် မြိုင်တောလယ်မှာ
လှိုင်ဘောလယ်နေသူ မဟုတ်။
သူ့ နေရာနဲ့  သူ့ နေရာ
ဗဟုသုတ ပဒေသာဖြိုင်ဖြိုင်သီးနေတဲ့
ဂနိုင်ကြီး မြိုင်ကြီးမှာ
ခိုမှီးနေထိုင်သူ ဖြစ်ပါတယ်။
ကျမ်းဂန်အသီသီးက
လမ်းမှန်နည်းတွေကို
ရှာမှီး ဝေဖန်ရင်း
အနေကန် မရေမရာကို ခွာ
ဧကန် အဖြေကို ရှာနေသူသာ ဖြစ်တယ်။
ဘ၀ရဲ့ အတိမ်အနက်ကို
တခဏနဲ့  ချိန်စက်
ကိုးယို့ ကားယားကို အဟုတ်မှတ်
ရုပ်ဓာတ် နာမ်ဓာတ် မကွဲမပြားနဲ့ 
အသည်းတယားယား ဖဲကစားသလို
အလွဲအမှားတွေ လွန်ကျူးနေတဲ့
စာတမူးတန်နဲ့ 
ချာတူးလန်လည်း မဟုတ်ပါချေ။
အခွင့်အရေး မြက်တစ်ဆုပ်နဲ့ 
မဟုတ်သည်ကို အဟုတ်ပြော
ဗုဒ္ဓေါတရတဲ့ လူ့ အညံ့စား
ခန့် ညားရိုသေဖွယ်မရှိ
အဂတိလိုက်စားတဲ့ ငမိုက်သားသတ္တ၀ါ
ပကာသနကို ငတ်ကြီးကျတဲ့
လူ့ ဗလာချာ မဟုတ်ပါ။
ဘ၀မှာ အနေရိုးပေမယ့်
သဝေထိုးခြင်းလည်း မရှိ။
အသိပညာ အတတ်ကို ရှာပြီး
မြတ်ရာကို ကိုးကွယ်
အမျိုးအနွယ်ကို ချစ်မြတ်နိုး
ရိုးသားမှု့ ကို စံနမူနာယူ
မြန်မာဇမ္ဗုမှာ လူကောင်းတစ်ယောက်
ကျောက်ကောင်းတစ်စေ ဖြစ်ခွင့်ရရင်
ဘ၀မှာ ကျေနပ်
အနေမြတ်တယ်လို့  ယုံမှတ်သူဖြစ်ပါတယ်။
ကိုယ် ကြီးကျယ်ဖို့ ထက်
နိုင်ငံကြီးကျယ်ဖို့  အရေးကြီး
ရီးတီးယားတားနဲ့ 
ဆီးသီးနွားစား နေ့ မပါးလိုဘူး
တရားမျှတ၊ လွတ်လပ်မှ ချမ်းသာ
သူ ငါ အားလုံး၊ ညီညာညာ ရုန်းကြမှ
လူလုံးလှလတ္တံဟု
စိတ်နေသန့် သန့် နဲ့ 
မထိတ်တလန့်  နေချင်သူပါ။
ရေမှုတ်ထဲက မိကျောင်းပေါ်သလို
တကိုယ်တော် ကျော်ကြားမှု မလို
ကိုယ်က အစ၊ သူက အားလုံး
ရွှင်ပြုံးချမ်းမြေ့၊ ပျော်တဲ့နေ့ ကို
မြင်တွေ့ လိုစိတ်နဲ့ 
အတိတ်အမှားတွေကိုကျော်
ဒိဋ္ဌတရားကို မျှော်ရင်း
ဘုရားပေါ်ကို ပျော်ပျော်တတ်
ဒိုးပတ်ဝိုင်းနဲ့  ပျော်တော်ဆက်ချင်ပါကြောင်း။
တင်မိုး
၂၁၊ ၁၊ ၂၀၀၇
တနင်္ဂနွေ ညဦးအိပ်ရာဝင် (နောက်ဆုံးရေးဖွဲ့ သောကဗျာ)
5 comments:
ကဗျာလေးလဲ တအားကောင်း
သီချင်းလေးလဲ ကောင်း
ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်း
Thanks,my sister
http://www.click2myanmar.com/C2M/modules/xoopsgallery/view_album.php?set_albumName=utinmoe
Thanks for the link Ma Nine Nine Sa Nay. :)
Thank you, ah ma yay.
Post a Comment