Sunday, July 05, 2009

freedom and ssh tunneling

freedom proxy software ကိုကြားဖူးနေတာကြာပြီ၊ တခါမှမသုံးကြည့်ဖူးဘူး၊ပျင်းပျင်းရှိတာနဲ့download လုပ်ပြီး စမ်းကြည့်တယ်၊ စိတ်ထင်လို့နဲနဲ google လုပ်ကြည့်တယ်၊ထင်တဲ့အတိုင်းဘဲssh tunneling လုပ်ပြီးထွက်သွားတာကို၊show traffic နဲ့ကြည့်ကြည့်တယ် ဘာ port သုံးပြီးထွက်သွားလဲသိချင်လို့ ၊ 443 သုံးထားတာတွေ့တော့ပြုံးမိတယ်၊ssh tunneling ကို 443 သုံးပြီးထွက်တာ ကျတော့ favorite ပါ၊အိမ်မှာ Linux box တခုထားပြီး ssh ကို port 443 နဲ့ configure လုပ်ထားတယ်၊ လိုအပ်ရင် ဘယ်နေရာကမဆိုအိမ်က linux ကို ssh port forwarding လုပ်ပြီးထွက်လို့ရအောင်လို့၊ လွယ်လွယ်လေးပါ၊ssh server ကို port 443 နဲ့ configure လုပ်၊ 22 ဆို firewall တော်တော်များများက block လုပ်ထားတာများတယ်၊ client အနေနဲ့ကputty program လေးတစ်ခုဘဲလိုပါတယ်၊

command က putty.exe -D 9090 -P 443 username@xxx.xxx.xxx.xxx

freedom software က computer မှာ admin right မရှိရင် install လုပ်လို့မရပါဘူး၊ putty က standalone program ဆိုတော့ download လုပ်ပြီးသုံးလို့ရတယ်၊ install လုပ်စရာမလိုပါဘူး၊ freedom software install လုပ် ထား တာ system admin တွေတွေ့ရင် ပြသာနာတက်နိုင်ပါတယ်၊putty တွေ့ရုံနဲ့တော့ ပြသာနာရှာလို့မရပါဘူး၊ ခြေရာလက်ရာသိပ်မကျန်ဘူးပေါ့၊ windows ဘဲသိတဲ့ system admin တွေဆိုရင် putty ဆိုတာဘာမှန်းတောင်သိမှာမဟုတ်ပါဘူး၊ ssh tunneling က encrypted လုပ်ထား တဲ့ secure connection မို့sniffing လုပ်ကြည့်လဲ ကိုယ်ဘာလုပ်နေတယ်ဆိုတာမသိနိုင်ပါဘူး၊port 443 သုံးပြီး connection တစ်ခုယူထားတယ်ဆိုတာတော့ တွေ့နိုင်ပါတယ်၊ port 443 ဟာ SSL port ဖြစ်တာမို့ system admin အများစုကမျက်စိရှန်းတတ်ပါတယ်၊ firewall တိုင်းလိုလိုမှာလဲဖွင့်ထားပါတယ်၊ ဘယ်company မဆို port 80နဲ့ 443 ကိုတော့ ဖွင့်ကိုဖွင့်ပေးထားပါတယ်၊ဗမာပြည်ကသူငယ်ချင်းတွေ၊မိတ်ဆွေတွေအတွက်linux box တခု setup လုပ်ြပီးbypass လုပ်လို့အောင်ကူညီပေးလို့ရပါတယ်၊ပျော်စရာကောင်းတဲ့ bypass လုပ်နည်းတခုပါ၊

No comments: