Friday, March 27, 2009

လူမှား

လူမှား- ဇော်ဝင်းထွဋ်
ကျောက်ဖျာများ အထက်မှာ...ငါပျိုးကျဲ
ကန္တာရတို့ အလယ်မှာ ထွန်ယက်ခဲ့
အားလုံးအတွက် အများအတွက်..
ချီးနှီးအသီးအပွင့်တွေနဲ့ 

ထုထည်ကြီးမားတဲ့ အချစ်များလည်း
အမှုန့် ဖြစ်သွားခဲ့ရတာ အကြိမ်ပေါင်းမနည်း
လိုချင်တာ ငါ့မှာမရှိတော့ဘူး....
ဘာကိုမှလည်း ငါမတက်မက် ..

မညီမျှတဲ့ လောက အလယ်....
အမှန်ကလည်း မှားနေတယ်...
ရည်ရွယ်တာများ...ဒီမှာ အလကား
အံချော်သွားတဲ့ အဖြစ်တွေနဲ့ အတူ...

နေရာကမှား အချိန်ကာလမှား...
ငါဟာ မှားပြီး ရောက်လာတဲ့သူ...

No comments: