Thursday, August 21, 2008

စိုင်းထီးဆိုင် - ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်

ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်

အကြွေပန်းရဲ့ သဘော အနမ်းမခံဝံ့ခဲ့ပြီလား ဟောင်းတဲ့ လို့ စိတ်အားငယ်
လေ ထဲ ပျံ့ဝဲ မွှေးစေတဲ့ရနံ့ ဆိုတာ.. စိတ်နဲ့  ပိုသက်ဆိုင်မယ်
ကြွေ တိုင်းမနွမ်းပါ... နာတိုင်း မရှုံးပါ
အတွယ်အတာမဲ့ရေ မင်းအတွက် ကိုယ်ရှိသေးတယ်

ပျိုတယ် အိုတယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆတွေနဲ့ 
လူတွေဆိုမှာ ကိုယ်ဘယ်တော့မှ မကြောက်ပါဘူး ယုံပါကွယ်..
မင်းရဲ့ ဘ၀မှာ ပျက်စီးသမျှ ပြုပြင်ကာရယ်
ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်
ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်

တခါမှားယုံနဲ့  အကန်းလို မင်းရပ်နေရင် ခရီးမှန် ဘယ်ရောက်လိမ့်မလဲ
မှောင်မည်းညထဲ မီးအိမ်ကလေး ထွန်းကာရယ်
လမ်းမြင်အောင်ပြပါမယ်... ခြေလှမ်းတိုင်းမှာ အစဉ်အမြဲ အနီးမှာ
အတွယ်အတာမဲ့ရေ မင်းအတွက် ကိုယ်ရှိသေးတယ်

.....
တခါတလေမှာ အံမ၀င်ခွင်မကျတဲ့အဖြစ်တွေရှိခဲ့မှာပဲ
လူတွေဆိုတာ ထာဝစဉ် ခြောက်ပစ်မကင်းနိုင်ဘူး
ယုံပါကွယ် မင်းရဲ့ဘ၀မှာ လွန်ခဲ့သမျှ ထိန်းယူကာရယ်
ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်
ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်

တခါလဲရုံ နဲ့  အပြီးထိုင်လိုက်တော့မှာလား .. အကျိုးရယ်မှ မဟုတ်သေးတယ်
လက်ကမ်းကာပေး ပခုံးမှီပြီးလျှောက်ပါလှဲ့ မင်းကို ကိုယ်ဖိတ်ခေါ်မယ်
ရှေ့ရေးရှေ့ရာ မလွယ်တဲ့ ဘ၀မှာ
အတွယ်အတာမဲ့ရေ မင်းအတွက် ကိုယ်ရှိသေးတယ်

နာကျင်တာတွေ အာရုံထဲက ပျောက်အောင် ကုပေးချင်တယ်
ပူလောင်တာတွေ ကြင်နာငွေ့ နဲ့  အေးစေမယ်
ယုံပါကွယ် မင်းရဲ့ဘ၀မှာ ခံခဲ့သမျှ အဆိပ်ဖြေကာရယ်
ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်
ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်

No comments: