နွေနံနက်ခင်း
ကမ္ဘာဦးက နေ့ လိုပဲ နွေနံနက်ခင်း ရဲ့ လှပုံထူး
ဒါပေမယ့်လဲ ဖြစ်ချင်တော့ ကိုယ်လေညက မအိပ်လိုက်ဘူး
အာရုံကြောက လက်မခံတော့ အမြင်မှာရှုပ်ပြီး မှိုင်းဝေမူး
ကိုယ်စပ်ထားတဲ့ သီချင်းတွေလဲ နွေနံနက်ခင်းနဲ့  မလိုက်ဖက်ဘူး..
ပေးကားပေး၏ မရ.. ဘ၀ရဲ့ လှည့် ကွက်တစ်ခုလား..
လာမယ်လို့  မမျှော်လင့်တော့ ကြိုဆိုဖို့ ကိုယ် အဆင်မသင့်ခဲ့တဲ့...
နွေနံနက်ခင်း...နွေနံနက်ခင်း
ကိုယ်သောက်ထားတဲ့ ဆေးလိပ်တိုများ.. ဟိုဒီပစ်လို ပြန့် ကျဲနေ..
ကိုယ်သောက်ထားတဲ့ အရက်တွေလည်း ရင်မှာပြည့်လို့  ပျို့ တက်နေ
ဂစ်တာကောက်ပြီး သီချင်းဆိုတော့ အာခေါင်ခြောက်ပြီး ချွှဲကပ်နေ..
ကိုယ်စပ်ထားတဲ့ သီချင်းတွေလဲ နွေနံနက်ခင်းနဲ့  မလိုက်ဖက်လေ..
မိုးတော့ လင်းခဲ့ပါရဲ့.. ကိုယ့်အတွက်ညက မကုန်သေး
ရောင်နီကိုရှောင်ပုန်းက အမှောင်ကမ္ဘာမှာ ကိုယ်ပြန်အိပ်ရမယ့်
နွေနံနက်ခင်း...နွေနံနက်ခင်း..
စိမ်းလန်းတဲ့တောနဲ့တောင်အလှတွေ...
မျက်စိမှာတွေ့နေလဲ...စိတ်ထဲကိုရောက်မလာတယ်...
ကျူးရင့်တဲ့ငှက်ကျေးသံလေးတွေ....
နားဝမှာကြားရလဲစိတ်ထဲမဝင်ရောက်လာတယ်...
အေးမြတဲ့နံနက်ရဲ့ လေအထိကို...
အသားကသာသိနေတယ်နှလုံးသားမခံစားနိုင်တယ်...
အိုလေ နံနက်ခင်း..နံနက်ခင်း...နံနက်ခင်း..နံနက်ခင်း ....
မတူတဲ့ခရီးလမ်းသွားသူလို..ရှောင်ဖို့ပဲခဏတွေ့ကြတယ်...
နွေနံနက်ခင်းနဲ့ ကိုယ်အဖြစ်လဲ မြင်မြင်ခြင်းပဲခွဲရတယ်...
ကိုယ်လေညနဲ့မနားချင်တော့ ..... ကိုယ်လေ နေ့ နဲ့မသွားနိုင်တော့ ....
ကိုယ်စပ်ထားတဲ့သီချင်းတွေလဲ နွေနံနက်ခင်း အတွက်မဖြစ်ပြီပေါ့ ....
ညနဲ့နေ့ရဲ့ အလယ်မှာ နှစ်ဘက်စလုံးလွတ်ခဲ့သူပါ....
သံစဉ်တွေမေ့သွားမှ ပေါ်လာတဲ့ကာရံနဲ့တူတဲ့
နွေနံနက်ခင်း..နွေနံနက်ခင်း...

No comments:
Post a Comment