Monday, June 23, 2008

ကော်ဖီသောက်တိုင်းလွမ်းတယ်




ကော်ဖီသောက်တိုင်းမင်းကို လွမ်းနေတယ်
အတူတူပျော်ခဲ့ကြတာ မှတ်မိလား..
မနက်ခင်း အလင်းရောင်လေးလိုကွယ်
နွေးထွေးခြင်းတွေကို ပေးတယ်...

တူတူ မျက်နှာချင်းလေးဆိုင် တို့ ထိုင်ပြီး
ပျော်ရွှင်ရယ်မောကြတာ မှတ်မိလား..
ကော်ဖီဟာလေ ပိုပြီးတော့ ချို...
အခုတော့ တို့ တစ်ယောက်တည်း ....

cho: (ကော်ဖီကြိုက်တဲ့ အချစ်ရေ.. အခုတော့ မင်းဘယ်မလဲ..
ကိုယ်နဲ့ ဝေးသွားခဲ့တာ ရက်ပေါင်း များပြီပဲ...
ကောင်းကင်ကို လှမ်းမျှော်ကြည့်ရင်း ..
ပျောက်ဆုံးတဲ့သူ မင်းကို ရှာ...နေပါတယ်....)

ဘ၀နဲ့ ရင်းကာ ချစ်ခဲ့.. ချစ်သူလေးရယ် အခုတော့ မင်း ဘယ်မလဲ..

အချိုလေးသွားရင် မင်းမကြိုက်ဘူး
အချိုလျှော့သောက်တာ မင်းအကျင့်ပဲ...
အကြိုက်ခြင်းလည်းတူ ခံစားချက်တူ
အသည်းခြင်းထပ်တူ အချစ်လေးရယ်...

ဒီနေရာလေးမှာ မင်းမရှိပဲ.. ဝေဆာလာအောင် တို့ မရှာဘူးကွယ်
အရင်နေရာကို ဖြည့်ဆည်းမယ့်သူ နောက်ထပ်မတွေ့ လိုတော့ဘူးကွယ်..

cho:

....ကော်ဖီဆိုင်မှာ ထိုင်မိတိုင်း ... ကော်ဖီတခွက်ကို သောက်နေတိုင်း.. မင်းရဲ့ အကြောင်းတွေ ခံစားမိမှ... ကော်ဖီဟာလေ ပိုခါးပေါ့.. ကော်ဖီသောက်တိုင်း သတိရမိ... ကော်ဖီသောက်တိုင်း အောက်မေ့ခဲ့.. ကော်ဖီသောက်တိုင်း လွမ်းရ... မင်း သိရလား အချစ်ဆုံး...

ကော်ဖီသောက်တိုင်း မင်းကို လွမ်းနေတယ်
....
....
ကော်ဖီကြိုက်တဲ့ အချစ်ရေ.. အခုတော့ မင်းဘယ်မလဲ..

No comments: