အသံတွေ ကြားနေရတယ်၊ အဲဒီ ကိစ္စကို ကျွန်တော် စသိတာ ကိုနစ်နေမန်းရဲ့ cBox ကလား မမေငြိမ်ရဲ့ cBox ကလား မမှတ်မိဘူး။ မြန်မာပြည်မှာ မင်းကိုနိုင်တို့  ဦးဆောင်ပြီး လမ်းလျှောက်ကြတာတဲ့ ဆန္ဒပြပွဲတွေ စဖြစ်တော့ ကျွန်တော်လည်း ရန်ကုန်မှာ ဘာသတင်းတွေ ထူးလည်းဆိုပြီး cBox တွေထဲမှာ ညနက်သည့်တိုင်အောင် သတင်းတွေ စောင့်ဖတ်လေ့ရှိတယ်။ အဲ့ဒီမှာ တက်လာတဲ့ သတင်းတစ်ပုဒ်က ဘယ်သူက စတာလည်းတော့ မသိဘူး၊ စင်္ကာပူက တက်ကြွတဲ့ လူငယ်တွေကလည်း စင်္ကာပူ မှာ လမ်းလျှောက်ကြဖို့ စ လှုံ့ ဆော်တာ တွေ့ ရတယ်။ ဒီလိုနဲ့  စင်္ကာပူရဲတွေရဲ့ အဟန့် အတာတွေးကြားထဲက အတတ်နိုင်ဆုံး လမ်းလျှောက်ဖြစ်ခဲ့ ကြတယ်။ အဲ့ဒီတုန်းကလည်း စင်္ကာပူရဲတွေ ရောက်လာပြီး လမ်းလျှောက်တဲ့ လူတွေကို စစ်လား ဆေးလား လုပ်တော့ ကျွန်တော် အံ့သြသွားသေးတယ်။ အားလုံးက ရက်ပိုင်း အချိန်တိုအတွင်းလေး ထဲမှာ စိတ်ဝင်စားတဲ့ သူတွေကို ဖိတ်ခေါ်ပြီး လမ်းလျှောက်မယ့် activity ကို စီစဉ်တာကို ဘာဖြစ်လို့  စင်္ကာပူရဲတွေက အနံ့ ရပြီး သတိထားမိလိုက်သလဲ။ နောက်တော့ ဆန္ဒပြဖို့  စင်္ကာပူရဲတွေဆီက ခွင့်ပြုချက်ရဖို့  ကြိုးစားရာကနေ စင်္ကာပူရဲတွေ သိသွားတာ ဖြစ်လိမ့်မယ့်လို့ ဖြေတွေးခဲ့မိတယ်။ အခု နောက်ဆုံး ကြားတာက အဲ့ဒီလမ်းလျှောက် ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့သူ အားလုံးကို စင်္ကာပူရဲတွေက တစ်ယောက်ချင်း ခေါ်စစ်နေတယ် ဆိုတဲ့ သတင်းပဲ။ အထူးသဖြင့် ဒီ activity ကို ဘယ်သူက Lead လုပ်တယ်ဆိုတာ စင်္ကာပူရဲတွေက အဓိကထား စုံစမ်းနေတယ်လို့  သိရတယ်။ ပါဝင်တဲ့ သူတွေရဲ့ computer တွေကို သိမ်းပြီး၊ email account password တွေပါ ရှိသမျှ Login အကုန်လုံးကို ရဲကိုပေးလိုက်ရတယ်ဆိုတာ တော်တော်ကြီးကို ဆိုးရွားပါတယ်။ စင်္ကာပူရဲတွေ တော်တော်ကြီးကို တရားလွန်ပါတယ်။
လမ်းလျှောက်ကြဖို့  သတင်း စလှုံ့ ဆော် ကတည်းက ကျွန်တော် သိနေ မြင်နေရပါတယ်။ အဓိက ဦးဆောင်တဲ့ Leader ရယ်လို့  မရှိပါဘူး။ နိုးကြားတဲ့ လူငယ်တွေရဲ့ ပေါ်ထွက်လာတဲ့ စိတ်ကူးအတိုင်း စိတ်ဝင်စားတဲ့ လူအချင်းချင်း လက်တို့ ကြပြီး activity တစ်ခုကို လုပ်ဆောင်ကြတဲ့ သဘောပါ။ ဘယ်သူကနေ ဘယ်သူ့ နာမည်ကို ဖွင့်ဟပြီး နောက်ဆုံး ဘယ်သူ့ နာမည်အထိ ရောက်သွားတယ် ဆိုတဲ့ အသံတွေလည်း ကြားရပါတယ်။ ဒီကိစ္စနဲ့  ပါတ်သက်ပြီးတော့ ကျွန်တော်လည်း ဘာမှ သေသေချာချာ မသိတဲ့အတွက် ဘာမှတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ခြုံကြည့်ရင်တော့ စင်္ကာပူရဲတွေက ဘာမှ အားသွန်ခွန်စိုက် စစ်ဆေးမေးမြန်းရတာမျိုး မလုပ်လိုက်ရပဲ ဗမာတွေ အချင်းချင်း ဘယ်သူက ဘယ်သူပါ ပါတယ် ဆိုပြီး အဖြေတွေ ထွက်လာတာ မြန်လွန်းသလားလို့  ထင်မိတယ်။ ဘယ်သူ့ ဘယ်သူရဲ့ အပြစ်မှတော့ မဟုတ်ပါဘူး။ အများစုက လူငယ်တွေ ဖြစ်တော့ ငယ်သေးတာလဲ ပါပါတယ်။ လူအယောက် သုံးဆယ်လောက် ငြိမ်းငြိမ်း ချမ်းချမ်း၊ မြန်မာသံရုံးရှေ့ မှာ လမ်းလျှောက်ကြမယ် ဆိုတာ ကြီးကြီးမားမား activity တစ်ခု မဟုတ်ပါဘူး။ စဉ်းစားမိတာက စင်္ကာပူရဲက ဘာဖြစ်လို့  ဒီကိစ္စကို ဒီလောက် စိတ်ဝင်စားပြီး ဒီလောက် အသည်းအသန် လိုက်နေတာလဲ။ ဗမာသံရုံးရဲ့ pressure များပါသလား။ တင်းတင်းကြပ်ကြပ် ချုပ်ကိုင်လေ့ရှိတဲ့ စင်္ကာပူအစိုးရကပဲ over conscious ဖြစ်တာလား။ Burmese community ကို စင်္ကာပူရဲတွေ ဘယ်လောက်အထိ စောင့်ကြည့်နေပြီလဲ။ ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်တဲ့ ဒီကိစ္စကို စင်္ကာပူရဲတွေက ဘာဖြစ်လို့  ခုလို တဆုံးလိုက်နေရတာလဲ ဆိုပြီး မေးခွန်းတွေ ဖြစ်လာပါတော့တယ်။ စင်္ကာပူအစိုးရရဲ့ အတွင်းပုံရိပ်တစ်ခုကို လှစ်ကနဲ မြင်လိုက်ရသလိုပါပဲ။ များသောအားဖြင့် တရုတ်တွေဟာ နိုင်ငံရေးကို စိတ်ဝင်စားရကောင်းမှန်း သိတဲ့ သတ္တ၀ါတွေမဟုတ်ပါဘူး။ ဗမာတွေ နိုးကြားမှု့ ကိုကြည့်ပြီး စင်္ကာပူလို့ ခေါ်တဲ့ Police state ကျွန်းလေးမှာ နိုးကြားမှု တွေ မဖြစ်လာအောင် စောစောစီးစီး နှိပ်ကွပ်တဲ့ သဘောလား။
စင်္ကာပူဟာ လုံးဝ လွတ်လပ်ခွင့်မရှိတဲ့ စိတ်ပျက်စရာ ကောင်းတဲ့ တိုင်းပြည်တစ်ခုလို့  အစကတည်းက ကျွန်တော် မြင်ပါတယ်။ မြန်မာပြည်နဲ့  ယှဉ်ပြီး စင်္ကာပူဟာ ဘယ်လို ကောင်းကြောင်းဆိုပြီး ချီးမွမ်းခန်းလာဖွင့်နေတဲ့ သူတွေနဲ့ တွေ့ ရင် ကျွန်တော် ပြုံးမိပါတယ်။ ကုလားကြီးနဲ့  အရာကြီး ဘာမှမထူးဘူးဆိုတာ ကျွန်တော် အစောကြီးထဲက သိလို့ ပါပဲ။ အမေရိကားမှာတော့ ဆန္ဒပြပွဲဆိုတာ အမြဲတမ်းလိုလို တွေ့ နေရတဲ့ မထူးဆန်းတဲ့ ကိစ္စတစ်ခုပါ။ Public ကို အနှောက်အယှက် မဖြစ်ဘူးဆိုရင် ရှေ့ က ဖြတ်သွားတဲ့ ရဲကားက အဲ့ဒီ ဆန္ဒပြပွဲကို ငဲ့စောင်းပြီးတော့တောင် ကြည့်သွားလေ့ မရှိပါဘူး။ တရားမ၀င်နေထိုင်တဲ့ သူတွေကိုဆိုလည်း ဘာအမှု့ အခင်းမှ မဖြစ်သ၍ ရဲက စစ်ဆေးခွင့်မရှိပါဘူး။ Passport တောင်းကြည့်ပြီး overstay လား ဘာလား စစ်ခဲ့ရင် စစ်တဲ့ရဲကိုတောင် တရားပြန်စွဲလို့ ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရဲတွေကို အဲ့ဒီအခွင့်အာဏာ ပေးအပ်ထားခြင်း မရှိလို့ ပါပဲ။ ဒါတွေကို စစ်ဆေးတဲ့ အဖွဲ့ က သတ်သတ် ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအဖွဲ့ က သူတွေကို တခါမှ မတွေ့ ဘူးတာကြောင့် ရှိတယ်လို့ ပြောတာကို ကြားဖူးရုံသက်သက်ပဲ ရှိပါတယ်။
ဒီကိစ္စဟာ စင်္ကာပူက ဗမာလူငယ် အသိုင်းအ၀ိုင်းမှာ တိုးတိုး တိုးတိုးနဲ့  တော်တော်ကြီး သတင်းပြန့် နေပေမယ့် ဘာဖြစ်လို့  ဘလော့တွေအပေါ် တက်မလာသလဲဆိုတာ နားလည်လို့ မရပါဘူး။ ဆူပူလှုံ့ ဆော်တာမျိုး မဟုတ်ပဲနဲ့  ငြိမ်းချမ်းတဲ့ activity တစ်ခုကို လုပ်တဲ့ ဗမာတွေကို စင်္ကာပူရဲက နှိပ်ကွပ်တာဟာ မတရားလွန်းတဲ့ ကိစ္စတစ်ခုပါ။ ဒီအကြောင်းကိစ္စ အဖြစ်မှန်တွေကို ကိုယ်တွေ့ အတိုင်း အများပြည်သူ သိအောင် ဘလော့တွေပေါ်မှာ တင်ပြီး ပြတ်ပြတ်သားသား ဆန့် ကျင်ရမှာ ဖြစ်ပါတယ်။ ကိုယ်တွေ့ လည်း ခံလိုက်ရတဲ့ စင်္ကာပုက တတ်ကြွတဲ့ ဘလော့ဂါတွေ ဘာဖြစ်လို့  ဒီကိစ္စမှာ ငြိမ်နေကြလဲ မစဉ်းစားတတ်ပါဘူး။ ဗမာစစ်အစိုးရကို ဆန့် ကျင်မှ မဟုတ်ပါဘူး၊ မတရားမှု့ မှန်သမျှကို ဆန့် ကျင်ပြီး မိမိတို့ ရဲ့ အခွင့်ရေးကို ကာကွယ်ထိန်းသိမ်းဖို့  ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ စင်္ကာပူရဲရဲ့ အစစ်အဆေးခံလိုက်ရတဲ့ ဗမာတွေ အချင်းချင်း တစ်ယောက်နဲ့  တစ်ယောက် နားလည်မှု့  မလွဲအောင် ထိန်းထိန်းသိမ်းသိမ်းရေးကြဖို့ တော့ လိုပါတယ်။

5 comments:
I want to chat with you... my gmail is
azyburma@gmail.com
Please participate International Blogger Day for Free Burma http://www2.free-burma.org/index.php#atten
They check through sms. Nowadays they check our burmese community sms ald.
အကိုရေ အဲဒီအချိန်တုန်းက ချက်ချင်းမရေးလိုက်နိုင်တာ ညီမ ကျောင်းစာမေးပွဲတွေနဲ့ရောပြီး မအားတာရော ၊ ကွန်ပြူတာအသိမ်းခံလိုက်ရတာရော ပေါင်းသွားလို့ပါ။ ဒါပေမယ့် သိပ်မကြာခင်မှာ ညီမ အကြောင်းစုံကို သေသေချာချာ ရေးပေးခဲ့ပြီးပါပြီ ။ အခုလိုမျိုး ချက်ကျလက်ကျရေးပေးတာ ကျေးဇူးပါနော်။
http://linletkyalsin.blogspot.com/2007/09/blog-post_2118.html
http://linletkyalsin.blogspot.com/2007/10/blog-post_02.html
Post a Comment