ဒီသီချင်းတွေကို ကျွန်တော် စနားထောင်ဖြစ်တာ 1995-96 လောက်က ဖြစ်မယ်ထင်တယ်။ အဲ့ဒီအချိန်က ကျွန်တော့် အစ်ကိုဝမ်းကွဲတစ်ယောက်က ဒဂုံတက္ကသိုလ် တက်နေတယ်လေ။ သူနဲ့  ကျွန်တော် သူ့ သူငယ်ချင်း တစ်ယောက် အိမ်သွားရင်း သူ့ သူငယ်ချင်း သီချင်းခွေတွေ တင်ထားတဲ့ စင်လေးပေါ်က ကျွန်တော်က စတွေ့ တာ။ ဒါဘာခွေလည်းလို့  သူတို့ ကိုမေးတော့ ကျွန်တော့်အစ်ကိုက ယူကြည့်ပြီး သူ့ သူငယ်ချင်းကို မင်းမှာ ဒီအခွေရှိတယ်ဟုတ်လား၊ ငါ့ကို ကူးပေးစမ်းပါလို့ ပြောခဲ့တယ်။ သူ့ သူငယ်ချင်းကလည်း ကူးပေးမယ် ဆိုတာကြောင့် ကျွန်တော်တို့  Cassette တိတ်ခွေအကောင်းစား နှစ်ခွေဝယ်ပြီး ကူးခိုင်းခဲ့တယ်။ နောက် အဲ့ဒီအခွေကို ကျွန်တော် ခနခန နားထောင်ဖြစ်တယ်။ တခါတလေကျရင် ကားထဲမှာ ထည့်ပြီး ကား Cassette နဲ့  နားထောင်လေ့ရှိတယ်။ ကျွန်တော်က သိပ်အကြောက်အလန့် မရှိဘူး။ ပြဿနာတတ်ရင်တော့ အနည်းဆုံး ထောင် ၇ နှစ်ပေါ့ဗျာ။
ငြိမ်းချမ်းရေးတိုက်ပွဲ
စက်တင်ဘာသွေးမျက်ရည်
ပျံသာပျံပါခွပ်ဒေါင်း
ငါတို့ ကျောင်းသား
လူငယ်ခြေကျ
လွတ်မြောက်ရေးည
ဧည့်ဆိုး
အရေးကြီးပြီ
သွေးမုန်တိုင်း
စာခြောက်ရုပ်
Track 8
Track 12
3 comments:
အဲဒီသီချင်းတွေ..အမတို့လည်းအရမ်းကြိုက်တယ်..ကိုမွန်းအောင်ရဲ့ဗမာပြည်မှာ
ထွက်ခဲ့ဘူးတဲ့..၄ ခွေတည်းသော..သီချင်းများအားလုံးလည်း..တခုမကျန်ကြိုက်
တယ်.. သူ့အသံကိုက..ကောင်းတာ..ဒါပေမဲ့.. for the Lady ထဲမတော့..တကယ့်အော်တဲ့ကောင်တွေနဲ့ယှဉ်လိုက်တော့..ကိုမွန်းအောင်အသံလေးက..ပျေားသွားတယ်..
ဘယ်လိုဒေါင်းလုပ်လို့ရမလဲ ကျေးဇူးပြုပေးပါ
How can I send it to you?
Post a Comment