၁။ အားနာတတ်သည်။ လူအများထက်ပို၍ အားနာတတ်သည်။
၂။ သူငယ်ချင်းများနှင့် တစိမ်းများအပေါ် အားနာပြီး အလွန်ကောင်းသော်လည်း၊ မိသားစုနှင့် အလွန်ရင်နှီးသူများအပေါ် တစက်မှ ဂရုမစိုက်တတ်။
၃။ ခေါင်းနည်းနည်းမာ၍ ကိုယ်လုပ်ချင်တာကို ရအောင်လုပ်တတ်သည်။
၎။ လောလောဆယ် Time Management အရမ်းညံ့နေသည်။ ကိုယ့်ကိုကိုယ်အားမရ။ Timetable နှင့် နေတတ်ရန်ကြိုးစားသော်လည်း မအောင်မြင်သေး။ အထူးသဖြင့် အိပ်ချိန်၊စားချိန် မမှန်။ စားချင်တာစားသည်။ အသားအလွန်ကြိုက်သည်။ Balanced nutrition ဖြစ်အောင် မစား၊ အိပ်ချင်သည့် အချိန်အိပ်သည်။
၅။ Cigarette သောက်တတ်သည်။ ရည်းစားကို လိမ်၍ခိုးလည်း သောက်တတ်သည်။
၆။ အခုအချိန်အထိ အရက်သောက်တတ်သည်ကို မကောင်းသောအကျင့်ဟု မထင်သေး။
၇။ စကားအလွန်များသော ချစ်သူကို တစ်နေ့ တစ်နေ့ ပေးရသောအချိန်အလွန်များသော်လည်း၊ အကြောင်းကြောင်းကြောင့် မလျှော့ချနိုင်သေး
၈။ လုပ်ချင်တာတွေများနေ၍ လုပ်ချင်တာ၊ လုပ်နေတာ၊ လုပ်သင့်တာတွေကို ကြိုးစားညှိနေရဆဲ။
၉။ ကိုယ့်အတွက်ကို ဆို ပျင်းသည်။ ၀ီရိယ မရှိ။
၁၀။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တတ်အောင် ကြိုးစားကျင့်ယူနေရသည်။ ငယ်ငယ်ကတည်းက ပေပေတေတေနေတတ်သည့်အကျင့်ကို လွယ်လွယ်နှင့် ပြင်၍မရသေး။
Tag:
Kyalsin Soe Win
Soemoe Aung
1 comment:
အကိုတက်ပြီးတာ ညီမ မသိလို့ မှားဆွဲမိတာပါနော် ဟိးဟိး
Post a Comment